spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအငြင်းပွားပြဿနာဖြစ်ခဲ့သော ဗလဲ့ဒွန်ဖိုက်နှင့် ထီးဝါးဒို့ရွာနယ်နိမိတ်ကို KNU & NMSP ခေါင်းဆောင်များရှေ့မှောက်တွင် သတ်မှတ်အတည်ပြု

    အငြင်းပွားပြဿနာဖြစ်ခဲ့သော ဗလဲ့ဒွန်ဖိုက်နှင့် ထီးဝါးဒို့ရွာနယ်နိမိတ်ကို KNU & NMSP ခေါင်းဆောင်များရှေ့မှောက်တွင် သတ်မှတ်အတည်ပြု

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၃)

    မွန်ပြည်သစ်ပါတီ NMSP နှင့် KNU တို့ အောက်ခြေတပ်ဖွဲ့များအကြား အငြင်းပွားပြဿနာဖြစ်ခဲ့ရသည့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာနယ်နိမိတ်ဧရိယာကို သက်ဆိုင်ရာရွာအကြီးအကဲများ သဘောတူညီချက်ဖြင့် နှစ်ဖက်ခေါင်းဆောင်များရှေ့မှောက်တွင်  ယမန်နေ့အောက်တိုဘာ ၂၂ ရက်နေ့လည်ပိုင်းက သတ်မှတ်အတည်ပြုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

    KNU တပ်မဟာ ၆ ဥက္ကဌ နှင့် မွန်ပြည်သစ်ပါတီ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဗညားမဲ့စန်း ဦးစီး၍ နှစ်ဖက်တပ်ရင်းမှူးများအပါအဝင် အခင်းဖြစ်ပွားခဲ့သော ဗလဲ့ဒွန်ဖိုက်ရွာအစွန်သို့ ယမန်နေ့က မြေပြင်အနေအထား ကွင်းဆင်းလေ့လာပြီး နှစ်ဖက်ရွာအကြီးအကဲများ သဘောတူညီမှုဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

    “နောက်ပြီးတော့ ရွာသားတွေ သူတို့နေအိမ်ကို ကောင်းကောင်းမွန်မွန်ပြန်ပြီး နေထိုင်နိုင်အောင် စီစဉ်နေပါတယ်၊ မိုင်းတွေထောင်ထားတာရှိရင်လည်း ပြန်လည်ရှင်းလင်းပေးဖို့၊ လမ်းတွေ ခြံတွေထဲမှာ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းက တာဝန်ယူပေးရမယ်ဆိုတဲ့ အချက်တွေကိုပါ သဘောတူခဲ့တယ်” ဟု မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။



    အဆိုပါဒေသမှ မွန်နှင့် ကရင် ရွာသားများတစ်ရာကျော် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဘုရားသုံးဆူမြို့ပေါ်သို့ ပြောင်းရွှေ့ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။

    ထို့အတူ ပြဿနာဖြစ်ပွားခဲ့သော နေရာတဝိုက်ရှိ NMSP မွန်တပ်စခန်းနှင့် KNU ဂိတ်စခန်းတို့ကိုလည်း နီးကပ်စွာရှိမနေစေရန်နှင့် စခန်းချရမည့်နေရာသစ်ကိုလည်း ပြန်လည်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။



    Photo- ပဋိပက္ခဖြစ်ပွားခဲ့သည့် ဗလဲ့ဒွန်ဖိုက်နှင့် ထီးဝါးဒို့ရွာအစပ် လမ်း ၃ ခွနေရာ (MNA)

    အဆိုပါသဘောတူညီမှုတွင် ဗလဲ့ဒွန်ဖိုက်ရွာအစွန်တဝိုက်တွင်လည်း အရပ်သားများသက်သက်ကိုသာ နေထိုင်စေပြီး ရွာထဲတွင် စစ်ယူနီဖောင်းများဝတ်ဆင်ခြင်း၊ လက်နက်ဖြင့်သွားလာလှုပ်ရှားခြင်းမပြုရန်နှင့် နှစ်ဖက်တပ်များသွားလာလှုပ်ရှားမှုကို ရွာလူကြီးများမှတဆင့် သတင်းပေးရန် စသည့်အချက်များ ပါဝင်သည်။

    မွန်ပြည်သစ်ပါတီ NMSP ဗဟိုအလုပ်အမှုဆောင်များနှင့် KNU တပ်မဟာ ၆ ခေါင်းဆောင်များ ပြီးခဲ့တဲ့အောက်တိုဘာ ၂၀ တွင် ဘုရားသုံးဆူမြို့ KNU ဆက်ဆံရေးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်အောက်ခြေတပ်ဖွဲ့အကြား ပြဿနာများဆက်ပြီးမကြီးထွားစေရေး အငြင်းပွားနေသည့် အဆိုပါရွာနှစ်ရွာနယ်နိမတ်ကို ပိုင်းခြားသတ်မှတ်ရန် သဘောတူကြခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကတစ်ကြိမ်၊ ၂၁ ရက်နေ့တွင်တစ်ကြိမ် ဗလဲ့ဒွန်ဖိုက်နှင့် ထီးဝါးဒို့ရွာအစွန်၌ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာတွင် နှစ်ဖက်တပ်ဖွဲ့မှ အကျအဆုံးရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks