spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးဌာန ဆက်လက်တိုးချဲ့သွားမည်

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးဌာန ဆက်လက်တိုးချဲ့သွားမည်

    -

    ဝဏ္ဏမာန် (အောက်တိုဘာ ၁၆)

    မွန်ဒေသတွင်း မူးယစ်ဆေးဝါးပျံ့နှံ့နေသည်ကို ထိန်းသိမ်းသွားရန် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်၌ မူးယစ်ဆေးစွဲကုသရေးနှင့်ပြန်လည်ထူထောင်ရေးဌာနတစ်ခု တည်ဆောက်ဖွင့်လှစ်ထားပြီး ကျန်ရှိသည့် ခရိုင်များတွင် ထပ်မံတိုးချဲ့သွားမည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအုပ်ချုပ်ရေးဌာနတာဝန်ခံ နိုင်းဗညားလယ်က ပြောသည်။

    “မူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးဌာနကို လောလောဆယ်ဆယ်မှာတော့ သထုံခရိုင်မှာ ပဏာမအဆင့် ခွင့်ပြုပေးထားတယ်၊ ရေရှည်မှာ ဘယ်လိုစီမံခန့်ခွဲသွားရမယ်ဆိုတဲ့အချက်တွေကို တဆင့်ချင်းစီ စိစစ်သုံးသပ်သွားပြီးတော့ ကျန်တဲ့ ခရိုင်တွေမှာလည်း ထပ်မံဖွင့်လှစ်ပေးသွားဖို့ရှိပါတယ်"ဟု ၎င်းက ဆိုသည်။

    မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနှင့် မွန်လူငယ်များဆုံရပ် (MYF) တို့မှ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အမျိုးသားအဆင့် မွန်လူငယ်များ ဆွေးနွေးပွဲကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီသထုံခရိုင်ဌာနချုပ်တွင် ကျင်းပစဉ် လူငယ်နှင့် မူးယစ်ဆေးဝါးကိစ္စရပ်များ မည်ကဲ့သို့ကိုင်တွယ်တားဆီးရမည်ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

    “မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ကိစ္စရပ်နဲ့ ပတ်သက်လို့ ဘယ်လိုပြစ်ဒဏ်ပေးသွားမယ်ဆိုတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို မွန်ပြည်သစ်ပါတီက ချမှတ်ထားပြီးသားပါ။ ထူးခြားတာတစ်ခုကတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသမှာ အကယ်၍ မူးယစ်ဆေးဝါးရောင်းချတာကို လက်ဝယ်ဖမ်းမိခဲ့မယ်ဆိုရင် တစ်အိမ်ထောင်လုံးကို နယ်နှင်ဒဏ်ပေးတဲ့အချက် ပါဝင်တယ်” ဟု နိုင်ဗညားလယ်က ဆက်ပြောသည်။

    ၂၀၁၈ ခုနှစ် ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ကျိုက်ဒေးတမော့ဗရတ် ကိုရင်လေးကျောင်းတော်၌ ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးနှီးနှောဖလှယ်ပွဲမှ သံဃာ ၁၅ ပါး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ၁၅ ဦး နှင့် မွန်ပြည်သစ်ပါတီဘက်မှ ၁၅ ဦး စုစုပေါင်း ကိုယ်စားလှယ် ၄၅ ဦးတို့ဖြင့် “မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဌာန” ကို စတင်ဖွဲ့စည်းအကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

    အလားတူ “မူးယစ်ဆေးဝါးပြဿနာကို နှိမ်နှင်းနိုင်ဖို့အတွက်ကတော့ ရဲတပ်ဖွဲ့တွေသာမကပါဘူး၊ ဘက်စုံကဏ္ဍစုံကနေ အားလုံးပူးပေါင်း ပါဝင်ဖို့လိုအပ်ပါတယ်၊ ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းအပ်ပါတယ်”ဟု မော်လမြိုင်မြို့၊  မွန်ပြည်နယ် ရဲတပ်ဖွဲခန်းမတွင် အောက်တိုဘာ ၁ ရက်က ကျင်းပသော (၅၅) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

    မူးယစ်ဆေးဝါးပြဿနာကို နိုင်ငံတော်အဆင့် ကိုင်တွယ်ဖြေရှင်းနေရသောကြောင့် ရဲတပ်ဖွဲ့အပါအဝင် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

    မွန်ပြည်နယ်တွင် ယခုနှစ်ဆန်းပိုင်းမှ စက်တင်ဘာလအထိ ၉ လအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၂၇ မှုဖမ်းမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၄၈၈ ဦးနှင့် အမျိုးသမီး ၄၀ ဦးရှိသည်ဟု ဝန်ကြီးချုပ်က ပြောသည်။

    Photo- မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် မူးယစ်ဆေးစွဲကုသရေးနှင့်ပြန်လည်ထူထောင်ရေးဌာန ကော်မတီ (Facebook Page)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts