spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းအခြေခံမဲစာရင်းပြုစုရန် ရပ်ကွက်/ကျေးရွာများတွင် အနည်းဆုံး ၃ ကြိမ်ခန့်ကောက်ခံသင့်ဟု မွန်ညီညွတ်ရေးပါတီအကြံပြု

    အခြေခံမဲစာရင်းပြုစုရန် ရပ်ကွက်/ကျေးရွာများတွင် အနည်းဆုံး ၃ ကြိမ်ခန့်ကောက်ခံသင့်ဟု မွန်ညီညွတ်ရေးပါတီအကြံပြု

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၈)

    လာမည့်ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းကြိုတင်ပြုစုရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ရပ်ကွက်/ကျေးရွာများ၌ အနည်းဆုံးမဲစာရင်း ၃ ကြိမ်ခန့် သွားရောက်ကောက်ခံသင့်ကြောင်း မွန်ညီညွတ်ရေးပါတီက အကြံပြုသည်။

    “အခြေခံမဲစာရင်းတွေကို တစ်ကြိမ်ထဲနဲ့ အပြီးသပ်ကောက်ယူတာမျိုး မဖြစ်သင့်ဘူး၊ တစ်ကြိမ်ထဲဆိုရင်တော့ ခရီးလွန်နေတာ အလုပ်ထဲဆင်းနေတာ ခြံထဲလယ်ထဲသွားနေလို့ အိမ်တံခါးပိတ်ထားတာမျိုးရှိတတ်တယ်၊ သက်ဆိုင်ရာကော်မရှင်တွေအနေနဲ့ မဲစာရင်းလာကောက်မယ့်နေ့ရက်တွေကြိုတင်ကြေညာပြီး ၃ ကြိမ်လောက် အချိန်ပေးကောက်ယူသင့်တယ် ဒါမှလည်း ပြည့်စုံနိုင်လိမ့်မယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။   

    သို့ရာတွင် သံဖြူဇရပ်မြို့ပေါ်၌ အခြေခံမဲစာရင်းများကို ထွေအုပ်ရုံးဝန်ထမ်းများကောက်ယူခဲ့ပြီးသော်လည်း အိမ်ခြေ ၄၀၀၀ ခန့်ရှိသော ပငကျေးရွာတွင် မဲစာရင်းကောက်ခံမှုမရှိသေးကြောင်း ရွာခံများမှ သိရသည်။

    “ကျနော်တို့လူထုအနေနဲ့ကလည်း ကိုယ့်မိသားစုဝင်တွေ အသက် ၁၈ နှစ်ပြည့်သူတိုင်း မဲစာရင်းမှာပါဝင်နိုင်ဖို့ အရေးကြီးတယ်၊ မိသားစုဝင်တွေ ပြည်ပမှာအလုပ်သွားလုပ်ကိုင်နေတာပဲဖြစ်ဖြစ် အသက် ၁၈ ပြည့်သူတိုင်းကို အိမ်ကနေ သူ့တို့အတွက် မဲစာရင်းထည့်ပေးထားဖို့လိုအပ်တယ်” ဟု နိုင်လယိတမက ဆက်ပြောသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ် ၃၆/၂၀၁၈ ဆုံးဖြတ်ချက်အရ လာမည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၈ နှစ် ပြည့်မည့်သူများကို မဲပေးခွင့်ပြုမည်ဖြစ်သည့်အတွက် မဲစာရင်းတွင် ထည့်သွင်းပေးရန် သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်သို့ ညွှန်ကြားထားသည်ဟု သိရသည်။

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်း ၆ ထောင်ကျော်သာ ရှိခဲ့သည်။

    အခြေခံမဲစာရင်းပြုစုရေး စီမံချက်အရ မွန်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ မဲစာရင်း ၁၇ သိန်း ၂ သောင်းကျော် ကောက်ခံရရှိထားပြီး တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ မပါဝင်သေးဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

    ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းပြုစုသည့်ကာလတွင် မွန်ပြည်နယ်အတွက် ဘတ်ဂျက်ငွေကျပ်သိန်း ၄၈၀ ကျော်အသုံးပြုမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

    Photo- မွန်ညီညွတ်ရေးပါတီ ဗဟိုဌာနချုပ်ရုံး(NMG)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks