spot_img
Tuesday, May 21, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးJMC-S တွင် မွန်ပြည်သစ်ပါတီမပါဝင်သော်လည်း ပဋိပက္ခများရှိလာပါက ဆက်ဆံရေးရုံးများမှတစ်ဆင့် ဖြေရှင်းနေ

    JMC-S တွင် မွန်ပြည်သစ်ပါတီမပါဝင်သော်လည်း ပဋိပက္ခများရှိလာပါက ဆက်ဆံရေးရုံးများမှတစ်ဆင့် ဖြေရှင်းနေ

    -

    စန္ဒာဉာဏ် (မော်လမြိုင်၊ အောက်တိုဘာ ၃)

    ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် မွန်ပြည်သစ်ပါတီ မပါဝင်သေးသော်လည်း ပဋိပက္ခကိစ္စရပ်များဖြစ်ပေါ်လာပါက ဆက်ဆံရေးရုံးများမှတစ်ဆင့် ဖြေရှင်းနေရကြောင်း NMSP ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံက ပြောသည်။

    မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း JMC-S တို့တွင် ပါဝင်ခွင့်ရမှသာ JMC-S မွန်တွင်ပါဝင်မည်ဟု ဆုံးဖြတ်ထားသောကြောင့် တစ်ဆို့နေရခြင်းဖြစ်သည်။

    ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက “အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ပဋိပက္ခဖြစ်ပေါ်လာရင် JMC-S အစည်းအဝေးမှာတော့ မပါရဘူးပေါ့၊ အဲဒီအတွက် အခက်အခဲကြီးကြီးမားမားတော့ မရှိပါဘူး။ မွန်ပြည်သစ်ပါတီက ဟိုးအရင် အပစ်အခတ်ရပ်စဲပြီးကတည်းက ဆက်ဆံရေးရုံးတွေ ဖွင့်ထားတာရှိတယ်၊ ဒီဆက်ဆံရေးရုံးတွေကနေ ဒီအလုပ်တွေကို လုပ်နိုင်တာပဲ” ဟု ပြောသည်။

    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ SLORC လက်ထက် ၁၉၉၅ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲထားပြီးနောက် ကရင်ပြည်နယ်တွင် တပ်ရင်း ၃ ရင်းနှင့် တနင်္သာရီတိုင်းတွင် တပ်ရင်း ၂ ရင်း အခြေစိုက်လှုပ်ရှားခွင့် ရှိခဲ့သည်။

    ထို့အတူ မွန်ပြည်သစ်ပါတီအနေဖြင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ မွန်ပြည်နယ်တွင် ရေး၊ သံဖြူဇရပ်၊ မုဒုံနှင့် မော်လမြိုင်မြို့တို့တွင် ဆက်ဆံရေးရုံးများ တရားဝင်ဖွင့်လှစ်ထားကြောင်း တွေ့ရှိရသည်။

    သို့ရာတွင် NCA လက်မှတ်ထိုးထားသော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် RCSS သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့မှ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများရပ်နားခဲ့သဖြင့် JMC-U ပြည်ထောင်စုအဆင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တို့တွင် တရားဝင်အစည်းအဝေးများ ခေတ္တရပ်ဆိုင်းနေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အချို့ နှောင့်နှေးနေရကြောင်း JMC-S မွန်၏ အရပ်သားကိုယ်စားလှယ် မိယဉ်ချမ်းက ပြောသည်။

    “ခေတ္တရပ်ဆိုင်းထားတဲ့ အနေအထားဖြစ်နေတဲ့အခါကျတော့ အချို့အချို့လုပ်ငန်းစဉ်တွေက လုပ်ရတာ နည်းနည်းလေးနှောင့်နှေးတယ် အကယ်၍ ဒီပြည်နယ်မှာ (JMC-S,Mon) မှာပါဝင်လာမယ်ဆိုရင် အစည်းအဝေးတွေလည်း ပြန်စနိုင်ရင် အချို့ချို့သောဟာတွေက ကျွန်မတို့ ပေါင်းစပ်ရတာ မြန်ဆန်တယ်ပေါ့ JMC-S မှာ မပါပေမယ့်လည်း သက်ဆိုင်ရာ ဆက်ဆံရေးရုံးတွေနဲ့ ကျွန်မတို့အဖွဲ့က ချိတ်ဆက်ပြီးတော့ ဖြေရှင်းနေတာတော့ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    လက်ရှိ JMC-S, Mon တွင် အစိုးရကိုယ်စားလှယ် ၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် (KNU) ၅ ဦး၊ အရပ်သားကိုယ်စားလှယ် ၄ ဦးသာပါရှိပြီး မွန်ပြည်သစ်ကိုယ်စားလှယ်များ လုံးဝပါဝင်ဆောင်ရွက်ခြင်း မရှိသေးပေ။

    Photo- JMC-S မွန်ကိုယ်စားလှယ်များနှင့် ဒေသခံများတွေ့ဆုံပွဲ(Aung Naing Win)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    24,000SubscribersSubscribe
    spot_img

    Latest posts