spot_img
Tuesday, May 21, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို ပထမဆုံးစတင်အကောင်ထည်ဖော်နေပြီ

    မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို ပထမဆုံးစတင်အကောင်ထည်ဖော်နေပြီ

    -

    မင်းသူရိန် (မော်လမြိုင်၊ အောက်တိုဘာ ၃)

    မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို ပထမဆုံး စတင်အကောင်ထည်ဖော်နေပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားသည်။

    မော်လမြိုင်မြို့၊ ရိုင်ရယ်ဟင်္သာဟိုတယ်တွင် အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုသော “မွန်ပြည်နယ်အတွင်း Mobile Tablet ဖြင့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း နည်းပညာဆိုင်ရာ အသိပေးခြင်း” အခမ်းအနားအပြီးတွင် သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

    “မွန်ပြည်နယ်က အေးချမ်းတယ် ငြိမ်းချမ်းတယ်၊ နောက်ပြီး မွန်က ပြည်သူတွေက အရမ်းတက်ကြွတယ်၊ ပူးပေါင်းပါဝင်မှုအားကောင်းတဲ့အတွက် ရွေးချယ်ခဲ့တာပါ”ဟု ဦးတင်မြင့်က ဆိုသည်။

    မွန်ပြည်နယ်တွင် စတင်ဆောင်ရွက်ခြင်းမှ ရရှိသော အောင်မြင်မှုများကို အခြေခံပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အားနည်းချက်၊ အားသာချက်များကို စနစ်တကျ စာရင်းပြုစုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    ပဋိပက္ခဖြစ်နေသည့် ဒေသများမှ လွဲ၍ ကျန်သည့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွေးဖွားသမျှ၊ သေဆုံးသမျှကို စာရင်းတိတိကျကျဖြင့် လက်လှမ်းမီစေရန် ဆောင်ရွက်နေပြီး”Leave no one behind” “တစ်ဦးတစ်ယောက်မျှ ချန်ထားခြင်းမရှိ”ဟူသော ဆောင်ပုဒ်ဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

    မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က “အရင်ကကျတော့ မွေး၊သေ မှတ်ပုံတင်စာရင်းတွေက စာရွက်တွေနဲ့ဆိုတော့ ထိန်းသိမ်းရတာခက်တာပေါ့၊ အခုက Mobile Tablet တွေနဲ့ဆိုတော့ ထိန်းသိမ်းရတာလည်း လွယ်ကူတယ်၊ အချက်အလက်တွေကိုလည်း တိတိကျကျ ထိန်းသိမ်းနိုင်တာပေါ့”ဟု ပြောသည်။

    သားဖွားဆရာမများသည် Mobile Tablet ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ဖြည့်စွက်ကာ အွန်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး မြို့နယ်ဆရာဝန်ကြီး လက်မှတ်ထိုးပြီးပါက မွေး၊သေ မှတ်ပုံတင်စာရင်းကို ထုတ်ယူနိုင်မည်ဖြစ်သည်။

    မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို စတင်အကောင်ထည်ဖော်ရန် Mobile Tablet အလုံး ၁၀၀၀ ကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

    Photo- အခမ်းအနားတွင် မွေးစာရင်း ချက်ချင်းထုတ်ပေးနေသောပုံ(MNA)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts