spot_img
Wednesday, December 17, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးDKBA ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်

    DKBA ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၀)

    မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA ခွဲထွက်အဖွဲ့ငယ်တစ်ဖွဲ့နှင့် ယခုရက်ပိုင်းအတွင်း ထိတွေ့ ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

    ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ DKBA(ခွဲထွက်)မှ ဗိုလ်ချုပ်စောကျော်သက် လက်အောက်ခံအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက် နေ့များအတွင်း ထိတွေ့မှု ၂ ကြိမ်အနည်းငယ် ဖြစ်ပွားခဲ့ရာတွင် ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများကို အတည်မပြုနိုင်ခဲ့ပေ။

    မွန်ပြည်သစ်ပါတီသည် နယ်မြေချင်းထိစပ်လျက်ရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် တစ်ခါတရံပစ်ခတ်ထိတွေ့မှုရှိခဲ့သော်လည်း DKBA ခွဲထွက်အဖွဲ့နှင့်မူ ယခုအခါ ပထမဆုံးကြိမ်ထိတွေ့မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ အခြေအနေမှာရှုပ်ထွေးနေသေးသဖြင့် မွန်သတင်းအေဂျင်စီသို့ အတည်ပြုချက်ပေးရန် မွန်ပြည်သစ်ပါတီက ငြင်းဆိုထားသည်။

    ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင် တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့မှ နယ်မြေပိုမိုလှုပ်ရှားစိုးမိုးနိုင်ခဲ့သဖြင့်  DKBA ခွဲထွက်အဖွဲ့အနေဖြင့် ရပ်တည်မရနိုင်သည့်အနေအထားသို့ဆိုက်ရောက်လာသောကြောင့် လွန်ခဲ့သည့် ၆ လကျော်ခန့်က ဘုရားသုံးဆူဒေသဘက်ဆီသို့ မသိမသာပြောင်းရွှေ့ဝင်ရောက်လာနေသည်ဟု နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

    ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရတို့ ညှိနှိုင်းမှုဖြင့် DKBA ခွဲထွက်အဖွဲ့ စောတင်ဝင်း ဦးဆောင်၍ အင်အား ၄၅ ယောက် လက်နက်မျိုးစုံ ၂၉ လက်နှင့်အတူ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ လက်နက်ချအလင်းဝင်သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

    Photo- ရှေ့တန်းတစ်နေရာတွင် လှုပ်ရှားနေသည့် မွန်ပြည်သစ်တပ်ဖွဲ့(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts