spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဓါးဖြင့်လိုက်ခုတ်သဖြင့် အသက် ၉၅ နှစ်အဘိုးအိုတစ်ဦးသေဆုံး၊ ဒဏ်ရာရသူများရှိ

    မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဓါးဖြင့်လိုက်ခုတ်သဖြင့် အသက် ၉၅ နှစ်အဘိုးအိုတစ်ဦးသေဆုံး၊ ဒဏ်ရာရသူများရှိ

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၅)

    မွန်ပြည်နယ်၊ ရေးမြို့အရှေ့ဘက်ရှိ ကျောင်းရွာ၌ ယနေ့နံနက်စောစောပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးက ဓါးဖြင့်လိုက်ခုတ်သဖြင့် အသက် ၉၅ နှစ်အရွယ်အဘိုးအိုတစ်ဦးသေဆုံး၍ အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်မှာ ယနေ့နံနက် ၄ နာရီခွဲအချိန်ခန့်တွင် ပြစ်မှုကျူးလွန်သည်ဟုယူဆရသည့် အောင်တင်ဝင်း(ခ) လိပ်ပု (၄၆) နှစ်သည် ဓားရှည်ကိုင်ဆောင်လျက် ကျောင်းရွာနေ ဦးရိုး နေအိမ်ရှေ့၌ ဆဲဆိုစိန်ခေါ်နေသည်ကို ဝင်ရောက်ဖျောင်းဖျပြောဆိုသူ ဦးတယ် (ခ)ဦးဒိုင်း မှာ လယ်ဂုတ်ခုတ်ပိုင်းခဲ့ရသဖြင့် မြေပေါ်သို့ လဲကျသေဆုံးခဲ့ကြောင်း ရေးမြို့မစခန်း ရဲသတင်းမှတ်တမ်းတွင် ဖော်ပြသည်။

    ထို့နောက် အောင်တင်ဝင်း(ခ)လိပ်ပု မှာ ဓားရှည်ကိုင်ဆောင်လျက် ရေးမြို့ဘက်သို့ ထွက်ပြေးသွားရာ လမ်းတွင်တွေ့ရှိရသည့် အီကြာကွေးရောင်းသူ ဦးမောင်ပဲ(၇၀)နှစ်အား ဓားရှည်ဖြင့် ထပ်မံခုတ်ရာ ယာဘက်ဂျိုစောင်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်မေးရိုး ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်နားအောက် ပြတ်ရှဒဏ်ရာ(၁)ချက်။ အောင်တက် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ အသီးသီးဒဏ်ရာရရှိခဲ့ကြောင်း၊ အောင်တင်ဝင်း(ခ)လိပ်ပု မှာ ဆိုင်ကယ်ဖြင့် ဆက်လက်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်တင်ဝင်း(ခ)လိပ်ပု အပေါ် ဝ၉၀၅ ချိန်တွင် ရေးမြို့မရဲစခန်းမှ(ပ)၂၇၄၁/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

    ရေးတော်ဝင်သတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက “ဒီဖြစ်စဉ်ဖြစ်တဲ့တရားခံက မူးယစ်ဆေးဝါး သုံးစွဲသလို ရောင်းချသူလို့လည်း ဒါအရပ်ထဲမှာ ပြောနေတဲ့လူတစ်ယောက်ဖြစ်တယ်၊ သေချာတာက မူးယစ်ဆေးဝါးသုံးစွဲတဲ့အသွင်သဏ္ဍာန်နဲ့ စိတ်ဖောက်ပြန်တာပြောမလား ကြောင်တာပြောမလား၊ လူတွေကိုဓါးနဲ့ခုတ် ထွက်ပြေးပြီး ကိုရင်လေးကျောင်းအနီးမှာ ဖမ်းမိထားတယ်” ဟု ဆိုသည်။

    အဆိုပါ အောင်တင်ဝင်း(ခ) လိပ်ပု ရေးမြို့နယ် ကျောက်မိကျောင်းကျေးရွာအုပ်စုနေသူအား ယနေ့ ၉ နာရီအချိန်ခန့်က ရေးမြို့နယ် ကိုရင်လေးသာသနာ့နယ်မြေ၌ ၎င်းစီးနင်းအသုံးပြုခဲ့သည့် Wave 100 မော်တော်ဆိုင်ကယ်တွင် WY စိတ်ကြွရူးသွပ် ဆေးပြား(၅)ပြား၊ OPPO အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံးတို့နှင့်အတူ ဖမ်းမိသိမ်းဆည်းရခဲ့သဖြင့် ရေးမြို့မရဲစခန်းမှ မယ(ပ)၂၉/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၆(ဂ)ဖြင့် ထပ်မံအရေးယူ ဆောင်ရွက်ခဲ့သည်။

    “ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်း ရေကြီးတဲ့ကာလမှာ သူ့အမျိုးသမီးကို နင်ပဲငဆရိုက်နေတဲ့အတွက် ရပ်ကွက်ကဝိုင်းထိန်းသိမ်းတဲ့အခါမှာလည်း သွားရောက်ထိန်းကျောင်းပေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနဲ့ ရပ်မိရပ်ဖတွေကို ပြန်ခုခံပြီး ဓါးနဲ့လိုက်ခုတ်တဲ့ဖြစ်စဉ်ရှိခဲ့တယ်၊ ဒါကို ဦးစိုးဝင်းက ရဲစခန်းကို တရားဝင်သွားရောက်တိုင်ကြားထားပြီးမှ အာမခံနဲ့လွတ်နေတဲ့လူတစ်ယောက်ဖြစ်တယ်” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

    ပြစ်မှုကျူးလွန်သူအနေဖြင့် ၎င်း၏အမျိုးသမီးကိုနှိပ်စက်သည့်ပြစ်မှုအပြင် အုပ်ချုပ်ရေးမှူးဖြစ်သူ ပြည်သူ့ဝန်ထမ်းတစ်ဦးကို နှောက်ယှက်ယုံသာမက သေစေနိုင်လောက်သည့်လက်နက်ဖြင့် ဆောင်ရွက်ခဲ့သည့်အပေါ် တရားဥပဒေအရ အာမခံပေးလိုက်သည်ကို ရေးမြို့ခံများနှင့်အတူ မိမိတို့ သံသယဖြစ်မိသည်ဟု ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

    အဆိုပါ တရားခံ အောင်တင်ဝင်း(ခ)လိပ်ပု သည် ရေးမြို့မရဲစခန်း၏ (ပ)၇၂၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၂၉၄ နှင့် (ပ)၂၃၇၀/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ မှ ၃၃၂ ပြောင်းလဲအမှုတို့ဖြင့် အရေးယူ ဆောင်ရွက်ထားရှိသူဖြစ်ပြီး ရေးမြို့နယ် တရာရုံးမှ အာမခံဖြင့် စေလွှတ်ထားရှိသူဖြစ်ကြောင်း သတင်းရရှိသည်။

    အလားတူ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာကျေးရွာ၌ ၂၀၁၆ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် မူးယစ်ဆေးဝါးကြောင့် စိတ်ဖောက်ပြန်သည်ဟုယူဆရသူ အသက်(၄၁) ခန့်ရှိ နိုင်ယုံဆိုသူက ၎င်း၏နေအိမ်ကို မီးရှို့ပြီး တွေ့ရှိရာရွာသားများအား ဓါးရှည်ဖြင့် လိုက်လံခုတ်ရာ (၆) ဦးသေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

    အောင်တင်ဝင်း(ခ) လိပ်ပု အားဖမ်းဆီးစဉ်(Aung Naing Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks