spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ကျောက်မီးသွေးငါးဒိုင်မှ ဖော်မလင်တွေ့ရှိထားသည့် ဆိုင်များကိုခံဝန်ကတိရေးထိုးခိုင်း

    မော်လမြိုင်ကျောက်မီးသွေးငါးဒိုင်မှ ဖော်မလင်တွေ့ရှိထားသည့် ဆိုင်များကိုခံဝန်ကတိရေးထိုးခိုင်း

    -

    ရူပါဗလွဲ(စက်တင်ဘာ ၁၂)

    မော်လမြိုင်မြို့ ကျောက်မီးသွေးငါးဒိုင်မှ လူကိုအန္တရာယ်ဖြစ်စေသည့် တားမြစ်ဓာတုပစ္စည်း တာရှည်ခံဓာတုဆေးရည်ဖော်မလင် ထည့်သွင်းသုံးစွဲခဲ့သော ဆိုင် ၄ ဆိုင်ကို ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးရုံး ပြည်နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

    “ပထမအကြိမ်ဖြစ်တာတစ်ကြောင်း နောက်တစ်ခုက ဒိုင်တွေမှာလည်း တားမြစ်ဓာတုပစ္စည်း ဖော်မလင်ကို သူတို့ကိုယ်တိုင်သုံးနေတယ်ဆိုတဲ့အနေထားမျိုးကျွန်တော်တို့က မတွေ့တဲ့အတွက်ကြောင့်ပေါ့နော်၊ ပင်ရင်းနေရာဓာတုပစ္စည်းကို ထည့်သွင်းအသုံးပြုတာလားဆိုပဲ သံသယရှိတယ်တဲ့အတွက် ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ ကျွန်တော်တို့ ခံဝန်ကတိတစ်ကြိမ်ထိုးခိုင်းပါတယ်”ဟု ဒေါက်တာစိုးနိုင်က ပြောသည်။

    Photo-မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးရုံး(MNA)

    သတင်းပေးတိုင်ကြားမှုအရ ကျောက်မီးသွေးရုံ ငါးပုဇွန် ဖြန့်ချိလျက်ရှိနေသော လက်ကားဒိုင်များသို့ တားမြစ်ဓာတုပစ္စည်း သုံးစွဲခြင်းရှိမရှိ ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့က ရှောင်တစ်ခင်စစ်ဆေးမှုတစ်ခုပြုလုပ်ခဲ့သည်။

    ယင်းသို့ ငါးပုဇွန်ဒိုင် ၁၅ ဆိုင်မှ သံသယရှိနမူနာ ၁၃ မျိုးကို စစ်ဆေးခဲ့ရာတွင် ရောင်းချရန်ကျန်ရှိနေသော ငါးနှပ် ၁၈၀ ပိဿမှာ တားမြစ်ဓာတုပစ္စည်း ဖော်မလင်ထည့်သွင်းသုံးစွဲထားကြောင်း ဓါတ်ခွဲစစ်ဆေး အတည်ပြုနိုင်ခဲ့သည်။

    “အန္တရာယ်ဖြစ်စေတာက ထိတွေ့အပေါ်မှာမူတည်တယ် အနံ့ကို ရှုမိတာလား၊ လက်နဲ့ထိမိတာလား၊ စားမိတာလား သူ့ပုံနဲ့သူအန္တရာယ်ရှိတယ် တစ်ခါနှစ်ခါကိစ္စသိမ်မရှိပေမယ့် နှစ်တွေအများကြီးထိမိရင်တော့ အကြီးမားဆုံး အန္တရာယ်က ကင်ဆာဖြစ်စေနိုင်တယ်၊ ပမာဏနည်းနည်းပဲ စားသုံးမိမယ်ဆိုရင် ဗိုက်နာတာတို့ အန်တာတို့ဖြစ်နိုင်တယ်”ဟု ဒေါက်တာသန်းထိုက်ဦးက ပြောသည်။

    တာရှည်ခံဓာတုဆေးရည်ဖော်မလင်ကို ပမာဏများစွာ စားသုံးမိပါက ကျောက်ကပ်၊ အသည်းပျက်စီးခြင်း၊ ကင်ဆာဖြစ်စေခြင်း၊ မျိုးပွားအင်္ဂါရပ်အစိတ်အပိုင်းထိခိုက်ခြင်းအပြင် ဖော်မလင်ကို ထိတွေ့မိပါက မျက်စိထိခိုက်ခြင်း၊ လည်ပင်းနာခြင်း၊ အဆိပ်သင့်ဖြစ်စေခြင်း စသည့် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။

    ရှေ့ဆက်ပြီး ဈေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းကို အစဉ်ဆက်မပြတ် စစ်ဆေးသွားပြီး စွဲစားသုံးသူများအနေဖြင့် ဈေးဆိုင်များတွင် သံသရာဖြစ်စရာဖြစ်သည့် အစားအသောက်များတွေ့ရှိပါက ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှူးရုံးထံသို့ လာရောက်တိုင်ကြားနိိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks