spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလက်နက်ချအလင်းဝင် MPDF (အထူး) တပ်ဖွဲ့ဆက်ဆံရေးရုံးမှ လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

    လက်နက်ချအလင်းဝင် MPDF (အထူး) တပ်ဖွဲ့ဆက်ဆံရေးရုံးမှ လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၂၆)

    အစိုးရထံ လက်နက်ချအလင်းဝင်ထားသော မွန်ငြိမ်းချမ်းကာကွယ်ရေး(အထူး) တပ်ဖွဲ့ (Mon People Defend Force-MPDF) ဖားအောက်ကျေးရွာ ဆက်ဆံရေးရုံးမှ တရားမဝင်လက်နက် များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

    “ဖမ်းမိတာဟုတ်တယ်၊ အဲဒီဖားအောက်ရွာဘက်မှာ လုံခြုံရေးတွေဆောင်ရွက်ဖို့ နိုင်ချယ်ရီတို့က အထူးလုံခြုံရေးဆိုပြီး အစိုးရတပ်နဲ့ ညှိနှိုင်းပြီးတော့ ဆက်ဆံရေးရုံးဖွင့်ထားတာပါ၊ သူတို့ကို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးဖို့အဓိက တာဝန်ပေးထားပြီးတော့ ကိုယ်တိုင်က အရောင်းအဝယ်လုပ်နေတာ မဖြစ်သင့်ဘူး၊ တရားဥပဒေအရပြစ်ဒဏ်ကျခံပြီးရင်လည်းပဲ အဖွဲ့အစည်းကိုလည်းထိခိုက်စေတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့ နိုင်အောင်တို့ကို ထပ်မံအရေးယူရဦးမယ် ” ဟု MPDF (အထူး) အဖွဲ့ ဥက္ကဌ နိုင်ရွှေအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်အင်းအား ၄၀ ဦးကျော်ခန့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်တို့က ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် အဆိုပါ (MPDF) ဆက်ဆံရေးရုံးသို့ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ လက်နက်မျိုးစုံ၊ ကျည်ဆံများတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ဖားအောက်ကျေးရွာအနောက်ပိုင်းရှိ MPDF နှင့်ပတ်သက်သည့်နေအိမ်တစ်ခုကို သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါး (၃၅၈)ပြား ၊ ဆေးခြောက်(၂)ကျပ်သား နှင့် မူးယစ်ဆေးဝါးအသုံးပြုရာတွင် ဆက်စပ်စ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းမှ သိရသည်။

    ယင်းဖြစ်စဉ်တွင် မွန်ငြိမ်ချမ်းကာကွယ်ရေး(အထူး)တပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ နိုင်အောင် အပါအဝင် (၅) ဦးတို့အား မုပွန်နယ်မြေရဲစခန်းက (ပ)၂၁၂၄/၁၉ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ၊ နမစ(မုပွန်) မယ(ပ)၂၀/၂၀၁၉ မူးစိတ် ပုဒ်မ ၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်က ၂၀၀၈ ခုနှစ်တွင် လက်နက်ချအလင်းဝင်ပြီး စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း နိုင်ရှောင် လက်နက်ချပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သို့ ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း၊ နိုင်အောင်နိုင် ကွယ်လွန်ပြီးချိန်တွင် နိုင်ရှောင် ဥက္ကဌ၊ နိုင်ရွှေအောင် ဒုဥက္ကဌ ဖြစ်ခဲ့ကြာင်း၊ ထိုနောက် နိုင်ရွှေအောင်က မွန်ငြိမ်းချမ်းကာကွယ်ရေး(အထူး)တပ်ဖွဲ့ ဥက္ကဌအဖြစ် သီးခြားဖွဲ့စည်းပြီး ဒေသခံအစိုးရအာဏာပိုင်များနှင့် လက်တွဲ၍ ဒုစရိုက်နှိမ်နင်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၇ ခုနှစ်က ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။


    Photo- သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးအရေးယူထားသော MPDF (အထူး) တပ်ဖွဲ့ဝင် ၅ ဦး (မွန်ပြည်နယ် သတင်းစုံ)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks