spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းကျပ်သန်း ၁၀၀၀ တင်ဒါမခေါ်သည့်ကိစ္စ အစိုးရအဖွဲ့ဆုံးဖြတ်ချက်ဖြင့်ဆောင်ရွက်ခဲ့ဟု မွန်ဝန်ကြီးချုပ်ပြန်ပြော

    ကျပ်သန်း ၁၀၀၀ တင်ဒါမခေါ်သည့်ကိစ္စ အစိုးရအဖွဲ့ဆုံးဖြတ်ချက်ဖြင့်ဆောင်ရွက်ခဲ့ဟု မွန်ဝန်ကြီးချုပ်ပြန်ပြော

    -

    မွန်သတင်းအေဂျင်စီ(ဇွန် ၄)

    ရေးမြို့နယ်၊ အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက် ကျပ်သန်း ၁၀၀၀ လမ်းစီမံကိန်း တင်ဒါမခေါ်သည့်ကိစ္စကို အတိုင်ပင်ခံပုဂ္ဂိုလ်၏နှုတ်မိန့်ဖြင့်ဆောင်ရွက်ခဲ့သည်ဟု လွှတ်တော်၌စကားပြောမှားခဲ့ကြောင်း ဝန်ခံပြောကြားပြီးနောက်
    ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံက တဖန်ပြန်လည် ပြောကြားလိုက်သည်။

    ဒေါက်တာအေးဇံက “ပြည်နယ်အစိုးရအဖွဲ့ကို ဌာနကတင်တာ၊ ဒီဟာအချိန်နီးကပ်နေပြီ၊ လုပ်ငန်းပြီးပြတ်ဖို့လိုတယ်၊ အဲဒီတော့ တင်တဲ့ဌာနပေါ့နော်၊ ဥပမာဆိုလို့ရှိရင် ကျေးလက်လမ်းဦးစီးက တင်တယ်၊ ကျေးလက်လမ်းဦးစီးက တာဝန်ခံပြီးလုပ်ရန် ဆိုပြီးတော့ ကျနော်တို့အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ရခြင်းဖြစ်တယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန် စတင်ကျင်းပရာ “သမ္မတရုံးမှ ရှင်းလင်းခိုင်းသည့် တာဝန်ယူမှုတာဝန်ခံမှုအပေါ် မည်ကဲ့သို့ ရှင်းလင်းလိုပါသနည်း” ဟု မွန်သတင်းအေဂျင်စီသတင်းထောက်၏မေးမြန်းချက်ကို ယင်းသို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

    “နိုင်ငံတော်၏စီမံကိန်းလုပ်ငန်းကြီးများ ဘဏ္ဍာငွေကြေးနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက် ခွင့်ပြုချက် ရယူဆောင်ရွက်ရန်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာနအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ရယူဆောင်ရွက်ကြရန်ဖြစ်သည်” ဟု ဒေါက်တာအေးဇံက အစိုးရ၏လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဖတ်ကြားပြသည်။

    သို့ရာတွင် နိုင်ငံတော်သမ္မတရုံးက ၁၀-၄-၂၀၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သော အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း “ညွှန်ကြားချက်အမှတ် ၁/၂၀၁၇” အရ ကျပ် ၁၀ သန်းနှင့်အထက်လုပ်ငန်းအတွက် တင်ဒါခေါ်ရမည့်ကိစ္စကိုမူ ထည့်သွင်းပြောကြားခြင်းမရှိပေ။

    မော်လမြိုင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းထင်အောင်ဟန်က “အဲဒါကြာပြီ၊ ကျနော်လျှပ်စစ်ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကတည်းက ကျနော်တို့အစိုးရ ကတ်ဘိနက်မှာဆုံးဖြတ်တဲ့ကိစ္စ၊ အဲဒါဘယ်လိုဖြစ်လဲဆိုတော့ ကတ်ဘိနက်မှာ ဒီသိန်းတစ်သောင်းကျော်ကို တင်ဒါမခေါ်ဘဲနဲ့ ဦးစိန်ဝမ်းတို့ SMD ကို တိုက်ရိုက်ကန်ထရိုက်ပေးမယ်လို့ ဆုံးဖြတ်ဖို့အတွက် အာဂျင်ဒါတင်လာတယ်၊ တင်လာတော့ ကျနော်ကဒီဥစ္စာကတော့ ဥပဒေနဲ့မညီဘူးပေါ့နော်၊ ဦးအောင်ကျော်သူတို့ကော်မတီ( ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ) က ပြောတယ်၊ ခင်ဗျားတို့က သူများစီးပွားရေးလုပ်တဲ့လုပ်ငန်း၊ Development လုပ်တဲ့နေရာမှာ ဘာလို့အစိုးရပိုက်ဆံသုံးပြီးတော့ လမ်းဖောက်ပေးရတာလဲတဲ့၊ ဒီလိုမျိုး SMD ကို တိုက်ရိုက်ပေးလိုက်တာက မသင့်ဘူးပေါ့။ အဲဒီမှာ ဆရာ(ဝန်ကြီးချုပ်)ကလည်း ကျွန်တော်ကို နည်းနည်း စိတ်ဆိုးသွားတာနဲ့ တူပါတယ်၊ ဒါနဲ့ ဒီကိစ္စကို သူတာဝန် ယူတယ်တဲ့၊ လွှတ်တော်ကိစ္စလည်း သူရှင်းမယ်တဲ့၊ ဘာညာပြောပြီးတော့ သူဆုံးဖြတ်ခဲ့တာ” ဟု ပြောသည်။

    တိုင်းဒေသကြီး / ပြည်နယ်အစိုးရများနှင့် ဝန်ကြီးဌာနများသည် လွှတ်တော်၏ ကတိကဝတ်များအပေါ် အကောင်အထည်ဖော်မှုတွင် အင်မတန်အားနည်းပြီး လက်တစ်လုံးခြားလုပ်သည့် ကိစ္စမျိုးများမြင်ရကြောင်း နေပြည်တော်၌ ယမန်နေ့က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီး ဆွေးနွေးရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားခဲ့သည်။


    Photo- မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ(MNA)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks