Monday, March 16, 2026
More
    spot_img
    Homeသတင်းခရိုင်ဥပဒေအကြံပြုချက်နှင့်အညီ မူးယစ်ဆေးဝါးဖမ်းမိသူ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ရကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးပြော

    ခရိုင်ဥပဒေအကြံပြုချက်နှင့်အညီ မူးယစ်ဆေးဝါးဖမ်းမိသူ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ရကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးပြော

    -

    ရွှေရိုး (မော်လမြိုင်၊ ဇွန် ၁)

    မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ၂၁ လမ်း၌ မူးယစ်ဆေးပြား ငါးရာကျော်ဖမ်းဆီးမိသည့်အမှုတွင် ခရိုင်ဥပဒေအကြံပြုချက်နှင့်အညီ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း လတ်တလော စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့၏ စစ်ဆေးခြင်းခံနေရသူ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး
    ရဲမှူးမြင့်ဋ္ဌေးက ပြောသည်။

    “အဲဒါက မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီးတော့ ခရိုင်ဥပဒေက အကြံပြုချက်ချတဲ့အခါမှာ ကျွန်တော်တို့က ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရတာပေါ့နော်။ ဆောင်ရွက်တယ်ဆိုတာက အဲဒီတရားခံကို လွှတ်ပါ၊ တရားစွဲပါဆိုတာကို ကျွန်တော်အမိန့်ပေးလို့မရဘူး။ ခရိုင်ဥပဒေရဲ့ ဆောင်ရွက်ချက်နဲ့အညီပဲ ဆောင်ရွက်ရတယ်”ဟု ရဲမှူးမြင့်ဋ္ဌေးက ပြောသည်။

    အဆိုပါမူးယစ်ဆေးဝါးအမှုတွင် ဖမ်းဆီးမိသူ ၄ ဦးအနက် ၃ ဦးအား တရားစွဲရန်မသင့်ဟု ခရိုင်ဥပဒေရုံးမှ အကြောင်းပြန်ခဲ့သောကြောင့် အမှုတွင်ဝန်ခံခဲ့သည့် တရားခံတစ်ဦးထဲကိုသာ ရုံးတင်တရားစွဲဆို၍ ကျန် ၃ ဦးအားလွှတ်ပေးရန် ၎င်းကညွှန်ကြားခဲ့သည်ဟု ဆိုသည်။

    “စွပ်စွဲတဲ့လူကလည်း ကျွန်တော်ကို တိတိကျကျစွပ်စွဲဖို့ လိုတယ်၊ အခုစွပ်စွဲတဲ့သူကလည်း သူကိုယ်တိုင်ရေးသား တင်ပြထားတာမဟုတ်ဘူးဆိုတာကို လာပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။

    သို့ရာတွင် မူးယစ်ဆေးဝါးဖမ်ဆီးခံရသူထံမှ လာဘ်ငွေရယူပြီး ပြန်လွှတ်ပေးရန် ညွှန်ကြားခဲ့သည်ဟုဆိုကာ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဋ္ဌေးအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းကာ စစ်ဆေးလျက်ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး(ဦးစီး) ရဲမှူးမြင့်ဝင်းက ပြောသည်။

    “အဲဒါက အွန်းလိုင်းပေါ်မှာ ပေါ်နေပြီးသားပဲလေ၊ အဲဒီအတိုင်းပဲ၊ အဲဒီကိစ္စကတော့ အခု စုံခုံဖွဲ့စစ်ဆေးနေတယ်။ ဒီမှာက ဘာမှ ဆုံးဖြတ်လို့မရဘူး။ ပြီးရင်တော့ ဋ္ဌာနကို ပြန်တင်ပြရမယ်”ဟု ရဲမှူးမြင့်ဝင်းက ပြောသည်။

    အဆိုပါအမှုတွင် ဖမ်းဆီးခံရသူများထံမှ လာဘ်ငွေ သိန်းရာဂဏန်း ရရှိထားခြင်းအပြင် မော်လမြိုင်မြို့ရှိ လောင်းကစားဒိုင်များများမှ လစဉ်ကြေးယူပြီး ခွင့်ပြုထားခြင်း၊ ပြည့်တန်ဆာများနှင့် ပျော်ပါးနေမှုများလည်း ရှိနေသည်ဟု Online တွင် ပြန့်နေသည့်အတွက် စုံခုံဖွဲ့စစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။

    အလားတူ သက်ငယ်မုဒိန်းမှုတစ်ခုတွင် အမှုစစ်အဖြစ်ဆောင်ရွက်ခဲ့သော မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းသည်လည်း ငွေကျပ်တစ်သိန်းတောင်းယူခဲ့သည်ဟုဆိုကာ မေလကုန်ပိုင်းက စုံခုံဖွဲ့စစ်ဆေးခံခဲ့ရကြောင်း တွေ့ရှိရသည်။


    Photo- ပြည်နယ်အဆင့်စံပြရဲရွေးချယ်ရေး ရေးဖြေစာမေးပွဲ
    (မွန်ပြည်နယ်ရဲတပ်ဖွဲ့)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks