Monday, March 16, 2026
More
    spot_img
    Homeသတင်းNippon Foundation မှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်

    Nippon Foundation မှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်

    -

    ရွှေရိုး(ရေး-ဧပြီ ၂၅)

    ဂျပန်နိုင်ငံ Nippon Foundation မှ မွန်ပြည်သစ်ပါတီ (NMSP) သို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်ပွဲအခမ်းအနားကို ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ ကိုရင်လေးကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    ယင်းအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ ဂျပန်သံအမတ်ကြီး မာစတာ အီချီယိုမာယိုဟာမာ၊ နိပွန်ဖောင်ဒေးရှင်းမှ ဆက်ဆံရေးအရာရှိ မာစတာ ယူဂျီမိုရီ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး တန်ဖိုးငွေကျပ် သိန်းငါးထောင်ခန့်တန်ဖိုးရှိသည့် စက်ယန္တရားများအား ဖဲကြိုးဖြတ်လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။

    နိုင်ထောမွန်က “ဒီယာဉ်တွေကို အခြေပြုပြီးတော့ ဒေသခံတွေရဲ့ အကျိုးစီးပွားဖွံ့ဖြိုးရေးမှ တဆင့် အခြေခံပြီးတော့ ငြိမ်းချမ်းရေးအသီးအပွင့် အကျိုးဖြစ်ထွန်းမှုတွေကို လက်တွေ့ခံစားနိုင်စေမှာ ဖြစ်တယ်။ ဒီဖြစ်တည်မှုကို အစိုးရအနေနဲ့ စဉ်ဆက်မပြတ် ဆက်လက်ပံ့ပိုးပေးမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပါ”ဟု ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Nippon Foundation မှ အကူအညီပေးလုပ်ငန်းစဉ် (၅) ခုဖြစ်သည့် ကျန်းမာရေးအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ပညာရေးတွင် မွန်အမျိုးသားကျောင်းများ ဆောက်လုပ်ပေးခြင်း၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ ကျေးရွာ (၇) ရွာတွင် ဆိုလာလျှပ်စစ်မီးတပ်ဆင်ပေးခြင်း စသည့်လုပ်ငန်းစဉ်များအနက် ပထမဆုံးအနေဖြင့် ယာဉ်ယန္တရားပေးအပ်ခြင်းအစီအစဉ်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌက ပြောသည်။

    ဓါတ်ပုံ- နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီထံ စက်ယန္တရားနှင့်ဆိုင်သော စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်စဉ်(NMSP)

    ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး Bilateral လက်မှတ်ကို မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးပြီးနောက် နိပွန်ဖောင်ဒေးရှင်းအနေဖြင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်မိသားစုများနှင့် စစ်ဘေးဒဏ်ခံစားခဲ့ရသော ဒေသခံပြည်သူများကို (၃) နှစ်တိတိကြာ ဆန်အိတ်ပေါင်းများပံ့ပိုးပေးခဲ့ခြင်းနှင့် အခြားလူမှုရေးအကူအညီများကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။

    ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည်။


    Photo- ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်ပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks