spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းနိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးသုံးယန္တရားများ ပေးအပ်မည်

    နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးသုံးယန္တရားများ ပေးအပ်မည်

    -

    မွန်သတင်းအေဂျင်စီ(အေပြီ-၂၂)

    ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးသုံးယန္တရားများ ပေးအပ်မည့်အခမ်းအနားကို ရေးမြို့နယ် ပုပ္ဖဝတီရွာ ကိုရင်လေးကျောင်းတိုက်၌ လာမည့်ဧပြီလ ၂၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    အခမ်းအနားသို့ နိပွန်ဖောင်ဒေးရှင်း(သို့မဟုတ်) မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးတက်ရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌလည်း တက်ရောက်အမှာစကားပြောကြားမည်ဟု အခမ်းအနားအစီအစဉ်အရ သိရသည်။

    ထို့အတူ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီဥက္ကဌနှင့် ဒုဥက္ကဌတို့ အခမ်းအနားတွင် တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားကြမည် ဖြစ်သည်။

    နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီထံသို့ ယာဉ်ယန္တရားဆိုင်ရာစာရွက်စာတမ်းများနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းဖြင့် နံနက် ၁၁ နာရီခွဲအချိန် အခမ်းအနားပြီးဆုံးမည်ဖြစ်ကြောင်း အခမ်းအနားအစီအစဉ်တွင် ဖော်ပြသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးခဲ့သည့်တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် နိပွန်ဖောင်ဒေးရှင်းမှ လူသိရှင်ကြား ပထမဦးဆုံးထောက်ပံ့မှု အစီအစဉ်ဖြစ်ကြောင်း သိရသည်။


    Photo- ဖွံ့ဖြိုးရေးသုံးယန္တရားများ ပေးအပ်ပွဲ ဘိတ်ကြားစာ(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks