spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် စသုံးလုံးညွှန်မှူးနေအိမ် ဖောက်ထွင်းသူ၏ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းရမိ

    မွန်ပြည်နယ် စသုံးလုံးညွှန်မှူးနေအိမ် ဖောက်ထွင်းသူ၏ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းရမိ

    -

    မင်းချမ်းညီ (မော်လမြိုင်၊ ဧပြီ – ၁၉)

    မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး၏နေအိမ်ကို အတာသင်္ကြန် အကြတ်နေ့တွင် ဖောက်ထွင်းခဲ့သူ၏ နေအိမ်မှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရမိခဲ့သည်ဟု မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

    မုပွန်ရပ်ကွက်၊ အိုးရုံရပ်ရှိ ရဲမင်းပိုင် (၂၄ နှစ်) နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၁၈ ရက်နေ့က ဝင်ရောက်ရှာဖွေရာ သက်သေခံပစ္စည်းများဖြစ်သည့် ငွေသားနှင့် ရွှေထည်များကို ပြန်လည်သိမ်းဆည်းရမိပြီး ၎င်း၏ မိသားစုဝင်များကို ဆက်လက်စစ်ဆေးနေကြောင်း မုပွန်နယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ်သန်းဦးက ပြောသည်။

    “ဖြစ်စဉ်က သင်္ကြန်အကြတ်နေ့ကပါ။ တရားခံကိုတော့ မမိသေးဘူး။ သူ့မိန်းမကိုတော့ ဖမ်းမိထားတယ်။ မနေ့က (ဧပြီ ၁၈ )မှာ ဖမ်းမိပါတယ်။” ဟု ရဲအုပ်သန်းဦးက ဆိုသည်။

    မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ ပြည်နယ် စသုံးလုံးညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်း၏နေအိမ်တွင် မိသားစုဝင်များမရှိခိုက် ရွှေဆွဲကြိုး၊ ပတ္တမြားဆွဲကြိုး၊ စိန်လက်စွပ်၊ ပုလဲဆွဲကြိုး၊ နားကပ်၊ လက်ကောက်နှင့် အခြားတန်ဖိုးကြီး လက်ဝတ်ရတနာများ၊ SAMSUNG အမှတ်တံဆိပ် မိုဘိုင်းဖုန်းနှင့် ငွေသားစက္ကူများစုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၄၇၀ ခန့် ဖောက်ထွင်းခိုးယူခံခဲ့ရခြင်း ဖြစ်သည်။

    အဆိုပါ အမှုကို စုံစမ်းကိုင်တွယ်နေသော ဒုရဲအုပ် မင်းမင်းထွန်းက“အဓိက တရားခံကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ သူ့အိမ်ကပဲ ပစ္စည်းတွေကိုတော့ သိမ်းဆည်းရမိထားတယ်။ သုံးရက်အတွင်း တရားခံ နဲ့ပတ်သက်တဲ့သူကိုတော့ ဖမ်းဆီးရမိထားတယ်။ အဓိက တရားခံကိုတော့ အမြန်ဆုံးဖမ်းဆီးရမိအောင် စုံစမ်းနေတယ်။ သက်သေခံပစ္စည်းတွေ အကုန်လုံးကိုလည်း ပြန်စိစစ်နေပါတယ်”ဟု ပြောသည်။

    ယင်းအမှုနှင့်ပတ်သက်ပြီး (ပ) ၁၅၈၆ / ၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၄ ဖြင့် မုပွန်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။


    Photo-မုပွန်နယ်မြေရဲစခန်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks