spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းKNPP နှင့် တပ်မတော်တို့ ငြိမ်းချမ်းရေးသီးသန့်တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်ရရှိ

    KNPP နှင့် တပ်မတော်တို့ ငြိမ်းချမ်းရေးသီးသန့်တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်ရရှိ

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၀)

    ကရင်နီတိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူဦးရယ် ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော် တိုင်းစစ်ဌာနချုပ်၌ မတ်လ ၁၉ ရက်နေ့က ငြိမ်းချမ်းရေးအတွက် သီးသန့်တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီချက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

    “အထူးသဖြင့် တပ်အသွား အလာတို့ အဲဒါမျိုးတွေရှိမယ်ဆိုရင် နှစ်ဖက်ညှိပြီးတော့ လုပ်သွားဖို့ပေါ့။ အဓိကတော့ မြေပြင်မှာ တင်းမာမှုတွေ ပြန်မဖြစ်လာအောင် တိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေ မဖြစ်အောင်။ ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ညှိပြီးတော့မှ လုပ်သွားဖို့ သဘောတူခဲ့ကြတယ်၊ ပြီးတော့ တပ်သား သုံးယောက်နဲ့ အရပ်သား တယောက် အသတ်ဖြတ်ခံရတဲ့ ကိစ္စတွေကိုလည်း ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာတွေကို ပြောဖြစ်ခဲ့တယ်” ဟု KNPP ပြောခွင့်ရ နဲနယ်ဖလိုးက ပြောသည်။

    ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNPP တို့ လာမည့်ဧပြီလအတွင်း နောက်ထပ်တစ်ကြိမ် ထပ်မံတေ့ွဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    အလားတူ KNPP ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး၌ မတ်လ ၁၈ ရက်နေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့်တွေ့ဆုံခဲ့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးရေး၊ ဒေသဖံ့ွဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

    ‘‘နောင်ဆွေးနွေးပွဲကိုလည်း ဧပြီမကုန်မီမှာ ထပ်မံဆွေးနွေးဖို့သဘောတူထားပြီးတော့ ဒီဆွေးနွေးပွဲမှာလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်ပြီး ဆွေးနွေးကြမှာပေါ့’’ ဟု ဆွေးနွေးပွဲတွင်ပါဝင်သူ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးက သတင်းထောက်များကို ပြောသည်။

    ထို့ပြင် အစိုးရငြိမ်းချမ်းရေးကော်မရှင်ဖိတ်ကြားချက်အရ NCA လက်မှတ်မရေးထိုးရသေးသော မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့နှင့်အတူ KNPP အဖွဲ့လည်း မနက်ဖြန် မတ်လ ၂၁ ရက်နေ့တွင် NRPC ရုံး၌ ကျင်းပမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    KNPP သည် ပြည်နယ်/ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စဲရေး Bilateral Agreement ကို သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးမူကို လက်ခံထားသဖြင့် NCA လက်မှတ်ရေးထိုးရေးအတွက် တစ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။



    Photo- တပ်မတော်ညှိနှိုင်ရေးကိုယ်စားလှယ်အဖွဲ့နှင့် KNPP ကိုယ်စားလှယ်အဖွဲ့(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks