Monday, March 9, 2026
More
    spot_img
    Homeသတင်းမတ်လ ၁၉ ရက်နေ့ မဲဆောက်-မြဝတီ အမှတ် ၂ ထိုင်းမြန်မာချစ်ကြည်ရေးတံတားဖွင့်ပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီးချုပ် တက်ရောက်မည်

    မတ်လ ၁၉ ရက်နေ့ မဲဆောက်-မြဝတီ အမှတ် ၂ ထိုင်းမြန်မာချစ်ကြည်ရေးတံတားဖွင့်ပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီးချုပ် တက်ရောက်မည်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၁၈)

    မဲဆောက်-မြဝတီ အမှတ် ၂ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားဖွင့်ပွဲ အခမ်းအနားကို မနက်ဖန် မတ်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ် ဖရာယု ချန်အိုချာ (Prayut Chan-o-cha) တို့ တက်ရောက်မည်ဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာဖော်ပြချက်အရ သိရသည်။

    အဆိုပါ အမှတ် ၂ ချစ်ကြည်ရေးတံတားသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ ကြားရှိ သောင်ရင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားပြီး တံတားဖွင့်လှစ်ရန် ပြင်ဆင်မှုထားမှုကို မဲဆောက်မြို့တော်ဝန်ကိုယ်တိုင် ယမန်နေ့ကသွားရောက်ကြည့်ရှုခဲ့သည်။

    ထိုင်းမြန်မာ နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်များကိုယ်တိုင် တက်ရောက်မည့် တံတားဖွင့်ပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုကို ယနေ့တွင် အပြီးသတ်မှာဖြစ်ပြီး လာရောက်ကြည့်ရှုသူများ အဆင်ပြေစေရန် ယာယီတဲများနှင့် သန့်စင်ခန်းများကိုလည်း ထိုင်းဘက်က စီစဉ်ထားသည်ဟု သိရသည်။

    ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်က ဘတ်ငွေသန်းပေါင်း ၃၉၀၀ နီးပါးအကုန်ကျခံ၍ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

    တံတားရှိ နယ်စပ်ဂိတ်ကိုလည်း အင်္ဂါနေ့တွင် တပြိုင်တည်းစတင်ဖွင့်လှစ်မည့် အဆိုပါ အမှတ် ၂ ချစ်ကြည်ရေးတံတားသည် မြန်မာဘက်ခြမ်းတွင် ၄ ကီလိုမီတာနှင့် ထိုင်းဘက်ခြမ်းတွင် ၁၇ ကီလိုမီတာ ရှည်လျားကြောင်း၊ ပထမဦးဆုံး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် ဖော်ပြကြသည်။


    Photo- မဲဆောက်-မြဝတီ အမှတ် ၂ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတား ချဉ်းကပ်လမ်း(Bangkok Post)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks