spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းရာဘာမြို့တော်လျှပ်စစ်ကဏ္ဍအတွက် မွန်ပြည်နယ်အစိုးရနှင့် ဖင်လန်နိုင်ငံ BIOKOSKI ကုမ္ပဏီတို့ MoU လက်မှတ်ရေးထိုး

    ရာဘာမြို့တော်လျှပ်စစ်ကဏ္ဍအတွက် မွန်ပြည်နယ်အစိုးရနှင့် ဖင်လန်နိုင်ငံ BIOKOSKI ကုမ္ပဏီတို့ MoU လက်မှတ်ရေးထိုး

    -

    မွန်သတင်းအေဂျင်စီ (မတ် ၁၇)


    မွန်ပြည်နယ် ရာဘာမြို့တော်အတွက်လိုအပ်မည့် လျှပ်စစ်ဓါတ်အားများကို စွန့်ပစ်အမှိုက်မှ လျှပ်စစ်နှင့်အပူစွမ်းအင် ထုတ်လုပ်သည့်စီမံကိန်းအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ဖင်လန်နိုင်ငံမှ BIOKOSKI LIMITED ကုမ္ပဏီတို့ မတ်လ ၁၅ ရက်နေ့က နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့ကြောင်း မွန်ပြည်နယ်အစိုးရရုံးမှ သတင်းရရှိသည်။

    ရာဘာမြို့တော်တည်ဆောက်မည့် မုဒုံမြို့နယ်၊ ခပ်ရခပ်ယူထိုင်တော်မူ ဘုရားအနီးရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေ ၃၆၀ ဧကကျော်တွင် အဆိုပါ လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံကို တည်ဆောက်မည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ဒေါက်တာအေးဇံက “ရာဘာဝု လုပ်ငန်းလုပ်တဲ့နေရာမှာ ထွက်ရှိလာတဲ့ အသုံးပြုလို့မရတော့တဲ့ အမှိုက်တွေကိုလည်း လျှပ်စစ်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုလို့ရတယ်၊ တိကျတဲ့ ဒေတာအချက်အလက်တွေကောက်ခံရရှိမှုအပေါ် အခြေခံပြီးတော့ စက်ရုံတည်ဆောက်ဖို့အကောင်းဆုံးနေရာကတော့ မုဒုံ-သံဖြူဇရပ်ကြား ခပ်ရခပ်ယူဘုရားအနီးက ရာဘာစီးတီးမှာ အခုစက်ရုံကို တည်ဆောက်မယ်” ဟု ဆိုသည်။

    နောက် ၁၈ လအကြာတွင် MoA လက်မှတ်ဆက်လက်ရေးထိုးသွားသည့်အခါ စက်ရုံတည်ဆောက်ရေးကို တစ်နှစ်အတွင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ စက်ရုံကို ယူရိုငွေ ၁၅ ဒဿမ ၉ သန်းရင်းနှီးမြှုပ်နှုံမည်ဖြစ်ကြောင်း၊ ကနဦးတွင်လျှပ်စစ်ဓါတ်အား ၄ မဂ္ဂါဝပ် ထုပ်လုပ်နိုင်ရန် တစ်နေ့လျင် အမှိုက်တန် ၁၅၀ ခန့်လိုအပ်မည်ဖြစ်ကြောင်း BIOKOSKI ကုမ္ပဏီမှ သိရသည်။

    BIOKOSKI ကုမ္ပဏီ ဦးစိုးသီဟက “ကျနော်တို့အမှိုက်ရရှိဖို့အတွက် စည်ပင်သာယာက တာဝန်ယူပေးပါတယ်၊ သူတို့ပေးနိုင်မယ့်အမှိုက်ပမာဏနဲ့ ကျနော်တို့သုံးမဲ့ပမာဏက လက်ရှိမှာအဆင်ပြေပါတယ်၊ ဒေသထွက်ကုန် ရာဘာ waste တွေရှိနေတယ်၊ လွှာစက်ကထွက်တဲ့ waste တွေ သစ်မှုံတွေ အဲဒါတွေကိုလည်း ကျနော်တို့ဆက်ပြီး အသုံးပြုမှာပါ” ဟု ပြောသည်။

    အဆိုပါ စွန့်ပစ်အမှိုက်လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံမှ ထွက်ရှိလာသောလျှပ်စစ်ဓါတ်အားများကို ရာဘာမြို့တော်ရှိ စက်ရုံများအတွက် တစ်ယူနစ်လျပ် ၂၀၀ ကျပ်ဝန်းကျင်ခန့် ရောင်းချသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရည်မှန်းထားသည်။

    မော်လမြိုင်-ကျိုက်မရော မော်တော်ကားလမ်းမဘေးရှိ မုရောင်အမှိုက်ပုံနေရာတွင် တစ်နေ့စွန်ပစ်အမှိုက် ၁၈၀ တန်ခန့်ရှိသည်ဟု မော်လမြိုင်မြို့စည်ပင်သာယာရေးဌာနမှ သိရသည်။


    Photo- မွန်ပြည်နယ်အစိုးရနှင့် ဖင်လန်နိုင်ငံ BIOKOSKI ကုမ္ပဏီတို့ MoU လက်မှတ်ရေးထိုးပွဲ(မွန်ပြည်နယ်အစိုးရရုံး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks