spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမြန်မာ့လက်ဖက်ခြောက်ကို ဧပြီလဆန်းမှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့မည်

    မြန်မာ့လက်ဖက်ခြောက်ကို ဧပြီလဆန်းမှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့မည်

    -

    တိုးတိုးခိုင်(ABM-မတ် ၁၂)

    ၂၀၁၉ ခုနှစ်၊ ဧပြီလဆန်းမှစတင်ကာ မြန်မာ့လက်ဖက်ခြောက်ကို တရုတ်နိုင်ငံသို့ တင်ပို့သွားတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်းမှ သိရသည်။

    ထုတ်လုပ်မှုနည်းပညာများ အဆင့်မြှင့်တင်ထားသည့် လက်ဖက်များကို ဧပြီလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ပြီး၊ ထို့ကဲ့သို့ လက်ဖက်ခြောက်တင်ပို့နိုင်ရန်၊ ပြည်တွင်းဒေသအသီးသီးမှ ထွက်ရှိသည့် လက်ဖက်များ ကို ဝယ်ယူစုဆောင်းနေကြောင်း သိရသည်။

    “လက်ဖက်ကို ဧပြီလဆန်းပိုင်းလောက်မှာ တင်ပို့သွားပါမယ်။ တရုတ်နိုင်ငံရဲ့အကြိုက်ကိုလိုက်ပြီး ထုတ်လုပ်မှု နည်းပညာတွေ၊ နည်းစနစ်တွေကို အဆင့်မြှင့်တင်ပြီးတော့ တောင်သူတွေလည်း အရင်နှစ်ထက် စျေးနှုန်းပိုပြီး ရရှိအောင်လို့ မြန်မာ့လက်ဖက်ကို အဆင့်မြှင့်တင်ပြီး တင်ပို့သွားမှာပါ”ဟု မြန်မာနိုင်ငံလက်ဖက်အသင်းမှ အတွင်းရေးမှူး ဦးသိန်းထွေးက ပြောသည်။

    ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လက်ဖက်တင်ပို့သည့် စျေးနှုန်းများအနေဖြင့် လက်ဖက် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၆၅၀၀) ကျပ်အထိ ရရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်အတွင်း လက်ဖက်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ ကျပ် (၂၀၀၀၀) ဝန်းကျင်အထိ စျေးနှုန်းရရှိလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လက်ဖက်အသင်းမှ သိရသည်။


    Photo- လက်ဖက်ခြောက်နှင့် ရေနွေးကြမ်း(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks