Homeသတင်းတစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိ မတ်ပဲစျေးနှုန်းများ မြင့်တက်

တစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိ မတ်ပဲစျေးနှုန်းများ မြင့်တက်

-

တိုးတိုးခိုင်(ABM-မတ် ၁၂)

၂၀၁၉ခုနှစ် မတ်လအတွင်း၊ တစ်တန်လျှင် ကျပ်တစ်သိန်းကျော်အထိ မတ်ပဲစျေးနှုန်းများ မြင့်တက်နေကြောင်းမြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။

ယခုကဲ့သို့ မတ်ပဲစျေးများ မြင့်တက်လာရခြင်းမှာ ပြည်တွင်း၌ မတ်ပဲ ကုန်ကြမ်းများ လက်ကျန်နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

“အဓိကပြည်တွင်းလက်ကျန်နည်းနေတာရယ်၊ တောင်သူဘက်ကနောက်ကျတော့ ပစ္စည်းအဝင်နည်းတာလည်း ပါတယ်။ ပစ္စည်းအစိုက်နည်းတာလည်း ပါတယ်။ ပစ္စည်းအဝင်နည်းတဲ့အပေါ်မှာ လှောင်တဲ့ လူတွေလည်း ဝင်လာတာပေါ့။ ပြည်တွင်းမှာတင် ဝယ်လိုအားများတာပေါ့။ တစ်တန်ကို တစ်သိန်းကျော်လောက်ပြန်တက်လာတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း မတ်ပဲပေါက်စျေးများကို နှိုင်းယှဉ်ကြည့်ပါက ဇန်နဝါရီလတွင် မတ်ပဲတစ်တန်လျှင် (၅၇၀၀၀၀) ကျပ် ရရှိခဲ့ပြီး၊ မတ်လ၌ မတ်ပဲတစ်တန်လျှင် (၆၈၅၀၀၀) ကျပ်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

မတ်လအတွင်း ပဲစဉ်းငုံစျေးနှုန်းများအနေဖြင့် ၂၀၁၇ အမျိုးအစား ပဲစဉ်းငုံတစ်တန်လျှင် (၇၀၅,၀၀၀) ကျပ်ရှိပြီး၊ ၂၀၁၉ အမျိုးအစား ပဲစဉ်းငုံတစ်တန်ကို (၈၀၁,၀၀၀) ကျပ်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။


Photo- မတ်ပဲနှင့် ပဲအမျိုးမျိုး(Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts