spot_img
Tuesday, February 24, 2026
More
    spot_img
    Homeဆောင်းပါးဖရဲစိုက်ဖို့အတွက် သိသင့်သိထိုက်တာတွေ...

    ဖရဲစိုက်ဖို့အတွက် သိသင့်သိထိုက်တာတွေ…

    -

    ကိုသစ္စာ (ABM)

    ဖရဲစိုက်ပျိုးရေးမှာ အခြေခံလက်တွေ့ပုံသေကားချက်တွေရှိပါတဲ့အနက် ပုံသေကားချပ်တချို့ကို ကျွန်တော်ယခုတင်ပြ ဆွေးနွေးသွားပါ့မယ်။ တချို့ကိစ္စတွေက ဘာမှအရေးမကြီးဘူး ထင်ရပေမယ့် အသီးထွက်နှုန်းကို အများကြီး ထိခိုက်နိုင်ပါတယ် ခင်ဗျ။
    ပထမအဆင့်အနေနဲ့ -ကျွန်တော့်ကို သိသော မသိသော မိတ်ဆွေများ ခင်ဗျား။ တစ်ခုလောက်မေးပါရစေ။ မိတ်ဆွေကြီးများရဲ့ ဖရဲစိုက်ကွင်းမှာ လုပ်သားအချိုးကျ ဘယ်လိုထားပါသလဲ?
    အထွက်နှုန်းကောင်းတဲ့ အောင်မြင်တဲ့ဖရဲတစ်ခင်း ဖြစ်ဖို့ဆိုရင် လုပ်သားတွေကိုလည်း သူ့နေရာနဲ့သူ လိုအပ်သလောက် အချိုးကျထားရှိရပါမယ်။ ပျမ်းမျှအားဖြင့် တစ်ဧကကို အလုပ်သမ (၂)ယောက်နှုန်း ပြင်ဆင်ထားရပါမယ်ဗျာ။ (၄)ဧကကို လုပ်သား (၁) ယောက်နှုန်း ထားရပါမယ်။

    ဒုတိယအဆင့်အနေနဲ့ – ဖရဲစိုက်ပျိုးသူတိုင်းဟာ မိမိစိုက်ပျိုးထားတဲ့ အပင်ရဲ့ ကျန်းမာရေးအခြေအနေကြည့်နည်လေးကိုလည်း စနစ်တကျ သိရှိထားရပါမယ်။
    (၁) မိမိတို့စိုက်ပျိုးထားတဲ့ အပင်မှာ အထက်ကပြောတဲ့ သူငယ်ပြန်အတက် ထွက်သလား မထွက်ဘူးလား ဆိုတာ ဂရုပြုပါ။ မထွက်ရင် အပင်မှာ ရောဂါ သို့မဟုတ် အဟာရ တခုခု ချို့တဲ့နေပြီဆိုတာ သတိပေးနေပါပြီ။
    (၂) ပြီးခဲ့တဲ့ ရာသီမှာ ကျွန်တော့်ကိုအမေးများတဲ့ ပြဿနာတစ်ခုကတော့ အရွက်တွေက အဖျားတွေ ကော့နေတဲ့ ကိစ္စပါ။ တချို့ တစ်ခင်းလုံး၊ တချို့ကတော့ အနည်းငယ် (၃၀)ရာခိုင်နှုန်း လောက် အထိ ဖြစ်နေတာတဲ့။ ဟုတ်ကဲ့။ အဲ့ဒါက အရပ်အခေါ်(တောင်သူအခေါ်) ရေတောက်တာပါ ခင်ဗျ။ အများအားဖြင့် ဧကအကျယ်အခင်းတွေမှာ အဖြစ်များပါတယ် ခင်ဗျ။ အဲ့ဒီပြဿနာရဲ့ အဓိကအချက်ကတော့ အများလိုအာဟာရ မမျှတလို့ အရွက်မှာလာပြီးပြတာပါ ခင်ဗျ။ အဲ့ဒီလိုအရွက်အဖျားတွေ ကော့နေရင်လည်း အသီးကွဲခြင်း၊ အသီးကျုံ့သွားခြင်း၊ အသီးမူမမှန်ခြင်းတွေ ဖြစ်တတ်ပါတယ် ဗျာ။ ဒီပြဿနာကိုတော့ ကြိုတင်ကာကွယ်တာကသာ အကောင်းဆုံးလို့ သတိပေးချင်ပါတယ်။

    တတိယအဆင့်အနေနဲ့ – ကျွန်တော့်မိတ်ဆွေ တောင်သူအများ စိတ်အေးရအောင်၊ ကြိုတင်ကာကွယ်ကုသနည်းလေးကိုပါ တပါတည်း ဖော်ပြပေးလိုက်ပါမယ်။
    (၁) ဖရဲပင်တွေကို အစာရေတိုက်ပြီး နောက်တစ်နေ့မနက်ပိုင်း (သိုမဟုတ်) ညနေပိုင်းအချိန် နေကျချိန် ဆာလ်ဖာဖျန်းပေးနိုင်ပါတယ်။ ဆာလ်ဖာက အပင်ကို အစာချက်ပေးပြီး၊ အစာကြေလွယ်ပါတယ်၊ ဖရဲရွက်သားတွေကိုလည်းထူထဲစေပါတယ်။ အရွက်ရဲ့အရောင်တွေကိုလည်း တောက်ပစေပါတယ်။
    (၂) အမိုင်နိုအက်ဆစ်ကိုလည်းဖြန်းပေးနိုင်ပါတယ်။ အမိုင်နိုအက်ဆစ်က အပင်ရဲ့အစာပို့လမ်းကြောင်းကို ကျယ်စေပါတယ်။
    (၃) နောက်တစ်ခုက တောနစ်အုပ်စုများကိုလည်းဖြန်းနိုင်ပါတယ်။ တောနစ်အုပ်စု တော်တော်များများဟာ အပင်ရဲ့အစာစားမြစ်၊ အမြစ်မွှားတွေကို ပွားများစေပါတယ် ခင်ဗျ။
    (၄) အပင်စြက်ာလှည့်ပြီး ခေါင်ညွန့်ဖြတ်ပြီးချိန်မှစပြီး ကာဆူကာမိုက်ဇင်နဲ့ ကော့ပါးကို တွဲဖြန်းပေးပါ။ အနည်းဆုံး ဝတ်မှုန်မကူးမီမှာ (၃) ကြိမ်လောက်ရအောင်ဖြန်းပေးပါ။
    (၅) ဝတ်မှုန်စကူးချိန်ကစပြီး၊ ပထမကြီးထွားချိန်အထိ ကော့ပါးကို လုံးဝမဖျန်းသင့်ပါဘူး။ အသီးကြီးထွားနှုန်းကို တန့်သွားစေသလို၊ အသီးကိုလည်း ကျုံ့သွားတတ်စေပါတယ် ခင်ဗျ။

    အစေ့မဲ့ ဖရဲမျိုးကို စိုက်မယ်ဆိုရင်… ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲ?
    အစေ့မဲ့ဖရဲကို ပထမဆုံး စမ်းစိုက်မည့် မိတ်ဆွေများခင်ဗျာ။ အနွယ်ကို (၄)နွယ်မွေးပါလို့ တိုက်တွန်းပါရစေ။ အများအပြောနဲ့ (၃) နွယ်မမွေးမိပါစေနဲ့။ မိမိမကျွမ်းကျင်ခင်မှာ မလုပ်သင့်တာကို သတိပြုစေချင်ပါတယ်။ နောက်တစ်ခုပြောချင်တာက တစ်ဧကကို အပင်များများဝင်စေရန် ဘောင်ပနက်ခိုးခြင်း၊ အပင် ပနက်ခိုးခြင်း လုံးဝ မလုပ်သင့်ပါဘူး။ အသီးဖမ်းမရ၊ ဖမ်းရတော့လည်း အသီးမကြီးတဲ့ ပြသာနာတွေကို ကြုံတွေ့စေနိုင်လို့ပါ ခင်ဗျ။ အစေ့မဲ့ ဖရဲကို ရိုးရိုးမြောင်းဘောင်ဖြင့်စိုက်မယ်ဆိုရင် – ဘောင်ပနက် (၂၄) ပေ၊ အပင်အကွာအဝေး (၂၇) လက္မ၊ အနွယ် (၄)နွယ်မွေးပေးသင့်ပါတယ်။ အသီးဖမ်းတဲ့အခါမှာတော့ (၆)ပေမှာ စဖမ်းပါ။ အသီးပယ်ပြီးမှသာ ခေါင်ညွန့်ဖြတ်ပါ။

    ထိုင်ဝမ်ဖရဲစိုက်မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ?
    ထိုင်ဝမ်ဖရဲအတွက်ဆိုရင်တော့ ဘောင်ပနက် (၂၂)ပေ၊ အပင်အကွာဝေး (၁၈)လက္မ၊ အနွယ် (၃)နွယ်မွေးပေးသင့်ပါတယ်။ အသီးဖမ်းတဲ့အခါ (၆)ပေမှစဖမ်းပေးပါ။ အသီးဖမ်းပြီးမှ ခေါင်ညွန့်ဖြတ်ပါ။

    855 ဖရဲမျိုးစိုက်မယ်ဆိုရင် ဆောင်ရန်၊ရှောင်ရန်ဘာရှိမလဲ?
    ဘောင်ပနက် (၂၄)ပေ၊ အပင်အကွာဝေး (၃)ပေ၊ အသီးဖမ်း (၆)ပေ (သို့မဟုတ်) (၅.၆)ပေမှာဖမ်းပါ။ အသီးဖမ်းပြီးမှ ခေါင်ညွန့်ဖြတ်ပါ။ မှတ်ချက်- အသီးဝတ်မှုန်ကူးနေချိန် အပင်ကို ရေဖြတ်ထားပါ။ အားဆေး၊ မြေဆီ၊ ဟော်မုန်းတွေ လုံးဝ (လုံးဝ) အသုံးမပြုရန် သတိပြုပေးပါ။
    ကျွန်တော့ကို သိသော မသိသော မိတ်ဆွေများ စိုက်သမျှ အောင်လို့ ရောင်းသမျှလည်း ဈေးကောင်းရကြပါစေ။

    Photo-ဖရဲသီးများ(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks