spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမလေးရှားပရိဘောဂကုမ္ပဏီမှ ပဲခူးတိုင်းဒေသကြီးတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်

    မလေးရှားပရိဘောဂကုမ္ပဏီမှ ပဲခူးတိုင်းဒေသကြီးတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်

    -

    နန်းထက်ထက်ချစ်(ဖေဖော်ဝါရီ-၂၂)

    မလေးရှားနိုင်ငံအခြေစိုက် ပရိဘောဂကုမ္ပဏီတစ်ခုမှ ပဲခူးတိုင်းဒေသကြီးတွင် မန်ဂျန်ရှားပရိဘောဂစက်ရုံ လာရောက် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မန်ဂျန်ရှားစိုက်ပျိုးထုတ်လုပ်သူများအသင်း(ယာယီ)မှ သိရသည်။

    စက်ရုံအတွက် လိုအပ်သော မန်ဂျန်ရှားသစ် Acacia Mangium tree ကုန်ကြမ်းရရှိရန် မြန်မာနိုင်ငံ မန်ဂျန်ရှားစိုက်ပျိုးထုတ်လုပ်သူများအသင်း (ယာယီ)မှ တာဝန်ယူကာ၊ မြန်မာတစ်နိုင်ငံလုံးရှိ မန်ဂျန်ရှားသစ် ကုန်ကြမ်းဝယ်ယူရန်အတွက် စိုက်ပျိုးသူစာရင်း၊ ဆာဗေးများ ကောက်ယူနေကြာင်း
    မြန်မာနိုင်ငံ မန်ဂျန်ရှားစိုက်ပျိုးထုတ်လုပ်သူများအသင်း(ယာယီ) ဥက္ကဌ ဦးမျိုးကိုကိုသိန်းက ဆိုသည်။

    ဦးမျိုးကိုကိုသိန်းက “မလေးရှားက ပရိဘောဂထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ လာဆွေးနွေးတာရှိတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ပရိဘောဂစက်ရုံ အသေးလေးတစ်ခု တည်ဆောက်မယ်ပေါ့။ ကျွန်တော်တို့က လိုအပ်တဲ့ ကုန်ကြမ်းရရှိဖို့ကို တာဝန်ယူသွင်းပေးရမယ်။ အခု ဆာဗေးကောက်နေတယ်။ တစ်နှစ်ကို တန်ချိန် ၃၀၀၀ လောက် လိုချင်တဲ့အတွက် သူတို့လိုချင်တဲ့ ကုန်ကြမ်းမရမှာစိုးတယ်။ ဈေးနှုန်းကတော့ ကာလပေါက်ဈေးအတိုင်းပဲ အရောင်းအဝယ် ပြုလုပ်ဖို့ ဆွေးနွေးထားပါတယ်” ဟု ပြောသည်။

    မန်ဂျန်ရှားသစ်သည် ပါကေး၊ စက္ကူပျော့ဖက်နှင့် စက္ကူအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့် ဝယ်လိုအားများသည့် သစ်အမျိုးအစားဖြစ်ပြီး ပြည်ပဈေးကွက်အတွင်း မန်ဂျန်ရှားသစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၀၀) ဝန်းကျင် ဈေးနှုန်းဖြင့် တင်ပို့ရောင်းချနေကြောင်း သိရသည်။

    “ကျွန်တော်တို့အသင်းဖွဲ့စည်းထားတာလည်း မကြာသေးတော့ နယ်ကအသင်းတွေလည်း မရှိသေးတော့ online ကနေရော၊ ကျွန်တော်တို့ အသင်းဝင်တွေရဲ့ နီးစပ်ရာကနေ ကောက်နေရတာဖြစ်လို့၊ ဆာဗေးကောက်တာက နည်းနည်းတော့ အချိန်ပေးရမယ်။ သူတို့ကတော့ အမြန်လိုချင်တယ်။ ဆာဗေးကောက်တာ အချိန်နှစ်လလောက်တော့ ကြာနိုင်တယ်။ ကျွန်တော်တို့ဆီမှာက ကုန်ချောထုတ်လုပ်ဖို့အတွက် အဆင့်သင့်အသုံးပြုဖို့က မန်ဂျန်ရှားသစ်က သိပ်မရှိသေးဘူး”ဟု ဦးမျိုးကိုကိုသိန်းက ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် မန်ဂျန်ရှားသစ်ကုန်ကြမ်း လိုသလောက်ရရှိပါက ပဲခူးတိုင်းဒေသကြီး အပြင် အခြားတိုင်းဒေသကြီးများတွင် စက်ရုံများတည်ဆောက်သွားရန် နေရာထပ်မံရွေးချယ်နေပြီး၊ မန်ဂျန်ရှားသစ်မှတဆင့် ကုန်ချောထုတ်လုပ်သော စက်ရုံ အသေးတစ်ရုံစာ ကုန်ကြမ်းရရှိရန် တစ်နှစ်လျှင် မန်ဂျန်ရှားစိုက်ဧက (၁၅၀၀၀) ရှိရမည်ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် မန်ဂျန်ရှားသစ် စိုက်ဧကပျမ်းမျှ (၃၀,၀၀၀) ဝန်းကျင်သာရှိပြီး စိုက်ဧကများ တိုးချဲ့စိုက်ပျိုးမှသာ ပြည်ပသို့ ကျယ်ပြန့်စွာတင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။


    Photo- မန်ဂျန်ရှားသစ်ပင်များကို စိုက်ပျိုးထားပုံ(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks