spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်း၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့

    ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သဝဏ်လွှာပေးပို့

    -

    ဝံသမွန် (ဖေဖော်ဝါရီ ၂၁)

    အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမှသာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) သို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

    ပဲခူးမြို့ မွန်အမျိုးသားနေ့(ဗဟို) အခန်းအနားတွင် “မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ချုပ်ငြိမ်းစေရေးအတွက် မူလဇစ်မြစ်ဖြစ်တဲ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေး၍ ကြိုးပမ်းဆောင်ရွက်ရာမှာ မွန်တိုင်းရင်းသားတွေလည်း အခြားတိုင်းရင်းသားတွေကဲ့သို့ လက်တွဲပါဝင်ခဲ့ကြတယ်” ဟု ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နိုင်သက်လွင်က အဆိုပါ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

    အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် မွန်တိုင်းရင်းသားများအနေဖြင့် တခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး တတ်ကြွစွာ ပါဝင်စေလိုကြောင်း၊ မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့က တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေးအကျိုးများကို မွန်တစ်မျိုးသားလုံး ခံစားနေရသည်ဟု သဝဏ်လွှာတွင် ဖော်ပြသည်။

    သို့ရာတွင် ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်၌ လက်ရှိတွင် နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့မှုဖြစ်ပေါ်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) ကိုလည်း သတ်မှတ်ချိန်အတိုင်း မကျင်းပနိုင်သဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အပေါ် မွန်လူထုများ ယုံကြည်မှုကျဆင်းလာဟု ဆိုသည်။

    အခမ်းအနားကို ပဲခူးမြို့ ရွှေမော်ဓော ဘုရားရင်ပြင်၌ ထိုနေ့နံနက်အစောပိုင်းက ကျင်းပရာတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ၊ ငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်းရှိ မွန်လူမျိုးများသာမက ထိုင်းနိုင်ငံမှ မွန်များလည်း ပါဝင်တက်ရောက်ခဲ့သည်ကို တွေ့ရှိသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငရွာတွင် ၁၉၄၆ ခုနှစ်က ကျင်းပခဲ့သော မွန်အမျိုးသားညီလာခံ၌ ဟံသာဝတီ ပဲခူးမြို့တော်ကို စတင်ထူထောင်ခဲ့သည့် တပို့တွဲလပြည်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) စင်မြင့်တွင် အစိုးရအဖွဲ့ဝင်များနှင့် ကျင်းပရေးကော်မတီများ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks