spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင်ကျင်းပ

    ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင်ကျင်းပ

    -


    မွန်သတင်းအေဂျင်စီ(ဖေဖေါ်ဝါရီ ၁၅)

    တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ပူးပေါင်း၍ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဖေဖော်ဝါရီ ၁၄- ၁၅ ရက်များတွင် ကျင်းပလျက်ရှိသည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းညွန့်လွင်နှင့် ENAC အကြံပေးပုဂ္ဂိုလ် ဒေါက်တာပညာမွန်တို့ ဦးဆောင်ဆွေးနွေးပြီး မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ၊ မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီဝင်များ၊ ရာမည မွန်ရှေ့နေကွန်ယက်အဖွဲ့နှင့် ဖိတ်ကြားသင့်ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

    ဒေါက်တာပညာမွန်က “ တိုင်းရင်းသားတွေအများအပြားနေထိုင်ကြတဲ့ နိုင်ငံမှာ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုရင် ဖက်ဒရယ်စနစ်ကပဲ အကောင်းဆုံးဖြစ်ပါတယ်၊ စစ်ပွဲတွေနဲ့ ပြဿနာတွေအမျိုးမျိုး ဖြစ်ပေါ်စေဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျနော်တို့ တည်ဆောက်နေတာမဟုတ်ပါဘူး၊ တိုင်းရင်းသား ညီညွတ်ရေးအတွက် ဖက်ဒရယ်စနစ်ကို တည်ဆောက်နေရတာဖြစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်ရင်းသားများ လိုလားသည့် နိုင်ငံရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် အဓိကကျသော အဖြေတစ်ခုဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ(ENAC) က အခိုင်အမာ ယုံကြည်ထားကြောင်း ၎င်းက ဆိုသည်။

    နိုင်ငံရေးပါတီကိုယ်စားလှယ် နိုင်အောက်စာက “ဖက်ဒရယ်နဲ့ပတ်သက်တဲ့အယူအဆတွေအပေါ် ကျနော်တို့တိုင်းရင်းသားတွေအားလုံး လက်ခံထားတဲ့ အယူအဆတွေ ပုံစံတစ်ခုတည်းဖြစ်စေဖို့က အရေးကြီးတယ်၊ အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာလည်း တစ်ယောက်တစ်မျိုးပြောနေကြမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့တိုင်းရင်းသားတွေအားလုံး တောင်းဆိုမှုက တစ်သံတည်းဖြစ်နေစေဖို့ အရေးကြီးတယ်” ဟု ဆိုသည်။

    ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော ဝိဒေသလက္ခဏာများ၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ်နှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်တို့ကို အဓိကဆွေးနွေးကြသည်ဟု ၎င်းကဆိုသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို မွန်ပြည်သစ်ပါတီလက်မှတ်ရေးထိုးခဲ့သည်မှာ ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့သော်လည်း နိုင်ငံရေးအရ တိုးတက်ဖြစ်ပေါ်မှုများ မတွေ့ရှိကြောင်း နိုင်ငံရေးအကဲခတ်သူများက ဝေဖန်လျက်ရှိသည်။

    ယခုအခါ အစိုးရနှင့် NCA လက်မှတ်ရေးထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တစ်ဆို့လျက်ရှိပြီး ၂၁ ရာစုပင်လုံညီလာခံကိုလည်း သတ်မှတ်ချိန်အတိုင်း ဆက်လက်မကျင်းပနိုင်သလို တဖက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီဖက်ဒရယ်စနစ်နှင့်အညီ ပြင်ဆင်သွားရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပြီး ဖြစ်သည်။


    Photo-ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ဟံသာ ဆွေးနွေးစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks