spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းရေးမြို့လယ်ကျုံးအတွင်း ငါးများသေဆုံးမှုမရှိတော့ဟု ဆို

    ရေးမြို့လယ်ကျုံးအတွင်း ငါးများသေဆုံးမှုမရှိတော့ဟု ဆို

    -

    မွန်သတင်းအေဂျင်စီ (ဖေဖော်ဝါရီ ၁၁ )

    ရေးမြို့လယ် ရှေးဟောင်းကျုံးတော်ကြီး၌ မကြာမီရက်ပိုင်းအတွင်း ရာနှင့်ချီသောငါးများ အစုအလိုက်အပြုံလိုက်သေဆုံးခဲ့ပြီးနောက် ရေများအောက်စီဂျင်ပျော်ဝင်မှုပြန်လည်ရရှိသဖြင့် ယခုအခါ ငါးများသေဆုံးမှုမရှိတော့ကြောင်း ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ကျုံးထဲမှာ ရေမြှုပ်မော်တာ ၁၀ လုံးနဲ့ ၉ ရက်နေ့ညမှာဆင်ပြီးတော့ ရေပန်းတွေ ပန်းထုတ်လိုက်တယ်၊ အဲဒီက ရေကိုပဲ တဖန်လည်ပတ်ပြီးအောက်စီဂျင်ပါဝင်မှုတွေ ရရှိလာတာပေါ့၊ မနေ့မနက်ကစပြီး ငါးတွေသေဆုံးခြင်း လုံးဝမရှိသလောက်ဖြစ်သွားတယ်” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

    အဆိုပါ ငါးအသေများတွင် အလျား ၄ ပေ ၂ လက်မ အလေးချိန် ၈ ပိဿာခန့်ရှိငါးဘတ်နှင့် ၄ ပိဿာနီးပါးခန့်ရှိ ငါးကြင်းများလည်း ပါဝင်ကြောင်း ဦးအောင်နိုင်ဝင်းက ဆိုသည်။

    သို့ရာတွင် စိမ်းလမ်းအမိမြေအဖွဲ့မှ ကိုစအောင်သက်ဦးက “ကျနော်တို့အမြင်ကတော့ ငါးအကုန်လုံးနီးပါးသေသွားတယ်လို့တော့ ထင်တာပဲ၊ ကျနော်တို့ ဒီနေ့ရေနမူနာကောက်နေတဲ့ သုံးလေးနာရီအတောအတွင်းမှာ ငါးတွေသိပ်မတွေ့ရဘူး၊ သူတို့ပြောတာက အရင်ကအစာကျွေးတဲ့အနီးအနားမှာဆိုရင် ငါးတွေအမြဲတမ်းရှိနေတယ်ပေါ့” ပြောသည်။

    လက်ရှိတွင် စိမ်းလမ်းအမိမြေအဖွဲ့မှ ရေနမူနာယူပြီး ဓါတ်ခွဲခန်းသို့ပို့ဆောင်ပေးသည့်အဆင့်သာဖြစ်ကြောင်း၊ ရလဒ်များကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ငါးများကိုကျွေးသည့်အစာကြောင့် အဓိကပြဿနာဖြစ်နိုင်သည်ဟုလည်း စိမ်းလမ်းအမိမြေအဖွဲ့က ဆိုသည်။

    ထို့အတူ ရေကန်အတွင်းရှိရေသည် ရွံ့နွံအထက် (၂)ပေခန့်သာရှိသဖြင့် ရေနည်းပြီး အောက်ဆီဂျင်ပြတ်လတ်ခြင်း၊ ရေများကြည်လင်ခြင်းမရှိဘဲ နံစော်နေခြင်း၊ အပူချိန်မြင့်မားလာပြီး ရေပူတွင်ငါးများသေဆုံးရခြင်းဖြစ်သည်ဟု ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယူဆထားသည်။

    ဖေဖေါ်ဝါရီလ ၈ ရက်နေ့နံနက်ပိုင်းမှစတင်၍ အဆိုပါကျုံးအတွင်း ငါးများအစုအပြုံအလိုက် သေဆုံးလျက်တွေ့ရှိခဲ့ပြီး မြို့ခံလူထုနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများက ရှင်းလင်းမှုများဆောင်ရွက်ရာတွင် အလေးချိန်ကီလို ၅၀၀၀ ခန့် ငါးအပုပ်အသိုးများရှင်းလင်းခဲ့ရသည်ဟု မြို့ခံများက ခန့်မှန်းပြောဆိုမှုများ ရှိသည်။


    Photo- ရေမြို့လယ်ကျုံးအတွင်း ငါးများသေဆုံးနေပုံ(Aung Naing Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks