spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအမျိုးသားရေးတာဝန်ကို  မွန်လူငယ်များပါဝင်ထမ်းဆောင်ဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ဒုဥက္ကဌတိုက်တွန်း

    အမျိုးသားရေးတာဝန်ကို  မွန်လူငယ်များပါဝင်ထမ်းဆောင်ဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ဒုဥက္ကဌတိုက်တွန်း

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ-၃၁)

    မိမိတို့အမျိုးသားရေးရပိုင်ခွင့်များကို ဆက်လက်ရုန်းကန်သွားရဦးမည်ဖြစ်သည့်အတွက် လူငယ်များ၏ စိတ်ဓါတ်နှင့်အမြင်မြှင့်တင်၍ အမျိုးသားရေးတာဝန်ကို ဆက်လက်ပါဝင်ထမ်းဆောင်သွားဖို့လိုအပ်သည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တစ်နေရာ၌ ကျင်းပသော သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မိန့်ခွန်းပြောကြားသည်။

    ဘန်ကောက်မြို့၊ သုဓမ္မဝတီ မွန်ဘုန်းတော်ကြီးကျောင်းဝင်း၌ သတ္တမအကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင်ကျင်းပခဲ့ရာ လူငယ်ဘင်ခရာအဖွဲ့များ၊ ထိုင်းနိုင်ငံဖွားမွန်မျိုးနွယ်များ၊ ရွှေ့ပြောင်းမွန်အလုပ်သမားများ၊ လူငယ်များတက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌနှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌတို့ကလည်း မိန့်ခွန်းအသီးသီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာက “သစ်တစ်ပင်ကနေ တောတစ်ခုလုံးအဖြစ် လွှမ်းခြံသွားစေတဲ့စိတ်ဓါတ်မျိုးနဲ့ လူငယ်တွေကို ကျနော်တို့မွေးထုတ်နေပါတယ်၊ လူငယ်တွေရဲ့ စိတ်ဓါတ်နှင့်အမြင်တွေကို မြှင့်တင်တဲ့နေရာမှာ အမျိုးသားရေးတာဝန်ကိုလည်း ဆက်လက်ပါဝင်ထမ်းဆောင်သွားဖို့ဆိုတာ နားလည်ထားရမယ်” ဟု ဆိုသည်။
    Photo- မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(အာဲခိုဟ်)

    ထိုသို့အမျိုးသားရေးတာဝန် ထမ်းဆောင်ကြရာတွင် တိုးတက်သောလူငယ်တို့သည် စွန့်လွှတ်အနစ်နာခံခြင်း၊ ရဲရင့်သတ္တိရှိခြင်းနှင့် အသက်ကိုပဓာနမထားဘဲ အစတေးခံနိုင်စွမ်းရှိကြသူများဖြစ်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “အရင်ကာလတွေမှာက နိုင်ငံရေးဖြစ်စေ အမျိုးသားရေးဖြစ်စေ ဦးဆောင်တဲ့အပိုင်းတွေမှာဆိုရင် လူကြီးပိုင်းတွေဦးဆောင်မှုရဲ့နောက်မှာ လူငယ်တွေက အင်အားနဲ့ပါဝင်ဆောင်ရွက်သွားကြဖို့ ဒီလိုပဲအမြဲတမ်းမှတ်ယူတယ်ဗျ၊ လူငယ်တွေကို နောက်လိုက်အနေအထားမှာပဲ သတ်မှတ်ထားတာပေါ့၊ ဒါပေမယ့် အခုဒီဘက်အပိုင်းဆိုရင် အဲဒီယူဆချက်ကို လူငယ်တွေတွန်းလှန်လာခဲ့ကြတယ်” ဟု ဆိုသည်။

    လူငယ်များအနေဖြင့် ၎င်းတို့၏အခန်းကဏ္ဍများတွင် ၎င်းတို့သာခေါင်းဆောင်ဖြစ်ပါကြောင်း၊ နိုင်ငံရေးနှင့် အခြားဆက်စပ်သည့်အဝန်းအဝိုင်းများတွင်လည်း လူငယ်များမပါဝင်ပါက အောင်မြင်ပြီးမြောက်မှုမရှိနိုင်သလို လူငယ်များ၏ပါဝင်ပူးပေါင်းမှုက အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည်ကို လူကြီးများပိုမိုသိရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

    Photo2- ထိုင်းနိုင်ငံ မွန်လူငယ်များနေ့အခမ်းအနား(အာဲခိုဟ်)

    အလားတူ ယနေ့လူငယ်များအနေဖြင့် တာဝန်များကိုထမ်းဆောင်ရင်း ခေါင်းဆောင်နေရာကိုလည်း ဦးဆောင်နိုင်လိမ့်မည်ဟု မိမိတို့ယုံကြည်ကြောင်း၊ ယနေ့အချိန်အခါတွင် အမျိုးသားရေးတာဝန်ထမ်းဆောင်ပါက ပစ္စုပ္ပန်အချိန်ကာလမှာပင် ခေါင်းဆောင်ဖြစ်နိုင်ကြောင်း ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ၌ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား၌ မွန်လူငယ်ခေါင်းဆောင် မင်းဇာနည်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ မွန်လူငယ်များနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ၌ကျင်းပစဉ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ၊ မွန်နိုင်ငံရေးအင်အားစုများ၊ မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ ကရင်နှင့် ပအိုဝ်းလူငယ်အဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြသည်။

    ထို့အတူ မွန်လူငယ်များနေ့အခမ်းအနားများကို ထိုင်းနိုင်ငံတွင် ၂ ကြိမ်ကျင်းပခဲ့သလို မလေးရှားနိုင်ငံတွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks