spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ် CSOs ငြိမ်းချမ်းရေးဖိုရမ်မှ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအကြံပြုချက်စာတမ်း ၂ စောင်အတည်ပြု

    မွန်ပြည်နယ် CSOs ငြိမ်းချမ်းရေးဖိုရမ်မှ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအကြံပြုချက်စာတမ်း ၂ စောင်အတည်ပြု

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၁၉)

    Photo- မွန်ပြည်နယ် CSOs ငြိမ်းချမ်းရေးဖိုရမ်(Banyar Mon)

    ပြည်ထောင်စုအဆင့်အရပ်ဘက်အဖွဲ့အစည်းများ၏ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲသို့ တင်သွင်းသွားရန် တတိယအကြိမ် မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ CSOs ငြိမ်းချမ်းရေးဖိုရမ်မှ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအကြံပြုချက် စာတမ်း ၂ စောင်ကို ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း ဖိုရမ်ကျင်းပရေးကော်မတီအဖွဲ့ခေါင်းဆောင် မင်းအောင်မွန်က ပြောသည်။

    ယင်းသို့ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ဆက်လက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး) အတွက် ပြည်ထောင်စုသဘောတူညီချက်အဖြစ် ထည့်သွင်းဆွေးနွေးသွားရန် ဖြစ်သည်။

    မင်းအောင်မွန်က “မွန်ပြည်နယ် CSO တွေက မြေယာနဲ့ သဘာဝပတ်ဝန်းကျင် စာတမ်း ၂ စောင်အတည်ပြုနိုင်ခဲ့တယ်၊ အနာဂတ်မှာဖော်ဆောင်မယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားကိုအခြေခံပြီး မူဝါတွေကို ကျနော်တို့ရေးဆွဲတာပါ” ဟု ဆိုသည်။

    အဆိုပါ တတိယအကြိမ်မြောက် မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်ကို မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ဒီဇင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ၃ ရက်တိုင်တိုင်ကျင်းပခဲ့ရာ မွန်ပြည်နယ် ၁၀ မြို့နယ်မှ CBO, CSO ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းကွန်ယက် ကိုယ်စားလှယ်များ စုစုပေါင်း ၁၆၂ ဦးတက်ရောက်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် ဖိုရမ်၏သဘောထားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    Photo- မွန်ပြည်နယ် CSOs ငြိမ်းချမ်းရေးဖိုရမ် သဘောထားထုတ်ပြန်ချက်(Copy)

    ထို့ပြင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ရပ်တန့်နေသောငြိမ်းချမ်းရေးဖြစ်စဉ်များသည် လက်ရှိနိုင်ငံရေးဆွေးနွေးမှု မူဘောင်အကြပ်အတည်းဟုယူဆရပြီး လက်ရှိဖြစ်ပေါ်နေသောအကြပ်အတည်းကို ကျော်လွှားနိုင်မည့် အခြေအနေတစ်ခုသို့ ရောက်ရှိနိုင်ရန် တာဝန်ရှိသူများအနေဖြင့် သုံးသပ်ပြင်ဆင်သင့်သည်ဟု သဘောထားပေးအပ်ကြောင်း ဖိုရမ်၏သဘောထားထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

    မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင် မိငွေလေးက “လာမယ့် ဇန်နဝါရီလမှာကျင်းပမယ့် ပြည်ထောင်စုအဆင့်အရပ်ဘက်အဖွဲ့အစည်းရဲ့ အကြောင်းအရာအလိုက်နိုင်ငံရေးအတွက် အခုကျမတို့ကျင်းပတဲ့ ပြည်နယ်အဆင့်ဖိုရမ်ကနေ မွန်ပြည်နယ်ကိုယ်စားလှယ် ၃၄ ဦးရွေးချယ်ခဲ့ပါတယ်၊ ဖိုရမ်ကတော့ ဒီကနေ့အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပါပြီ” ဟု ဆိုသည်။

    ပြည်နယ်အဆင့်ဖိုရမ်မကျင်းပမီတွင် မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်ကော်မတီမှ ပြီးခဲ့သည့် အောက်တိုဘာလမှ နိုဝင်ဘာလများအတွင်း မြို့နယ်အသီးသီးသို့သွားရောက်ကာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ဒေသခံများ၏သဘောထားဆန္ဒနှင့် မူဝါဒအဆိုပြုချက်များကို စုဆောင်းခဲ့ပြီး ဖြစ်သည်။

    မွန်ပြည်နယ်တွင် လူမှုရေးနှင့် စာပေယဉ်ကျေးမှုအပါအဝင် ကဏ္ဍအသီးသီးမှ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၇၀၀ ခန့်ရှိသည်ဟု သိရသည်။

    အလားတူ ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ယနေ့ မှစတင်၍ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၃၀၀ ဦး ခန့်တက်ရောက်လျက်ရှိကြောင်း Development Media Group-DMG သတင်းဌာနမှ ဖော်ပြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts