Homeသတင်းလုံခြုံရေးကဏ္ဍအလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီပြုလုပ်

လုံခြုံရေးကဏ္ဍအလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီပြုလုပ်

-

မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၁၈)

မွန်ပြည်သစ်ပါတီ NMSP ဗဟိုကော်မတီများ၏ လုံခြုံရေးကဏ္ဍအလုပ်အဖွဲ့ အလုပ်ရုံဆွေးနွေးပွဲ Security Sector Working Workshop တစ်ရပ်ကို ထိုင်းနိုင်ငံ၊ စံခလူပူရီမြို့၌ ဒီဇင်ဘာ ၁၆ နှင့် ၁၇ ရက်နေ့များတွင် နှစ်ရက်တာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဌနှင့် ဒုဥက္ကဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်များ၊ မွန်အမျိုးသားတပ်မတော် MNLA မှ ထိပ်ပိုင်းအရာရှိများ၊ ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တပ်ရင်းမှူးများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

Photo- NMSP လုံခြုံရေးကဏ္ဍအလုပ်ရုံဆွေးနွေးပွဲ(MNA)

ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်သော လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး DDR – SSR တို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း တက်ရောက်သည့် ဗဟိုကော်မတီများထံမှ သိရသည်။

မွန်ပြည်သစ်ပါတီတွင် လက်ရှိဗဟိုကော်မတီဝင် ၃၃ ဦး၊ အရန် ၅ ဦးရှိပြီး ၎င်းအထဲမှ ဗဟိုအလုပ်အမှုဆောင် ၉ ဦးတို့ ဦးဆောင်လျက်ရှိသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗါအခြေစိုက် Centre for Humanitarian Dialogue အဖွဲ့၏ မြန်မာနိုင်ငံရုံးခွဲမှ ပညာရှင်များက ယင်းအလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts