spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်တွင် ရာဘာဈေးနှုန်း ဆက်တိုက်ကျဆင်းနေ

    မွန်တွင် ရာဘာဈေးနှုန်း ဆက်တိုက်ကျဆင်းနေ

    -

    ရူပါဗလွဲ(နိုဝင်ဘာ ၆) ။ ။ ကမ္ဘာ့ရာဘာဈေးကွက်ကျဆင်းမှုကြောင့် ယခုလအတွင်း မွန်ပြည်နယ်ရာဘာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း ဖူးရှင်ရာဘာဒိုင် မန်နေဂျာဦးသူရက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လွန်ခဲ့သည့် တစ်လခန့်က ရာဘာဈေးနှုန်း တစ်ပေါင်လျှင် ပျမ်းမျှအားဖြင့် ၈၆၀ ကျပ်မှ ၁၀၀၀ ကျပ်ကျော်အထိရှိခဲ့သော်လည်း လက်ရှိကာလပေါက်ဈေးသည် Good RSS 3 တစ်ပေါင်လျှင် ၉၀၀ ကျပ်၊ Myanmar RSS 3 တစ်ပေါင်လျှင် ၈၁၀ ကျပ်၊ MSR တစ်ပေါင်လျှင် ၈၈၀ ကျပ်၊ CSR တစ်ပေါင်လျှင် ၉၀၀ ကျပ်၊ USS 5 တစ်ပေါင်လျှင် ၅၈၀ ကျပ်နှင့်အထက်သာ ရှိသည်ဟု ဆိုသည်။

    ဦးသူရက “ဈေးကျတာတော့ အဓိက ကမ္ဘာ့ဈေးကွက်ကြောင့်လည်း ပါတယ်။ မြန်မာပြည်က ရာဘာဈေးက နိုင်ငံတကာဈေးကိုပဲ အခြေခံပြီးတော့ တွက်နေရတယ်။ ထွက်တဲ့ရာဘာတွေကို ကိုယ့်ပြည်တွင်းမှာပဲ ပြန်ပြီးကုန်ချောထုတ်တာလည်း ပမာဏက နည်းနည်းပဲဆိုတော့ အစိုးရအနေနဲ့ ရာဘာဈေး ညှိနှိုင်းပေးဖို့ကလည်း မလွယ်ဘူး” ဟု ပြောသည်။

    Photo-နေလှမ်းထားသော ရာဘာပြားများ(Facebook)

    လက်ရှိ ရာဘာဝယ်ယူသည့်အပိုင်းနှင့် ထုတ်လုပ်သည့်အပိုင်းက ညီမျှမှုမရှိသည့်အတွက် ရာဘာဈေးနှုန်းကျဆင်းနေရခြင်း၏ အဓိက အကြောင်းအရင်းတစ်ခုဖြစ်နေကြောင်း၊ မြန်မာပြည်ထွက် ရာဘာကုန်ကြမ်းများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်ပြည်၊ မလေရှား၊ ကိုရီးယားနှင့် စင်္ကာပူစသည့် နိုင်ငံများသို့ အဓိက တင်ပို့ရောင်းချနေကြောင်း ၎င်းက ဆက်ပြောသည်။

    အသေးစားရာဘာဒိုင် နိုင်လှသိန်းက “၁၀ လ ပိုင်းတုန်းကဆိုရင် ကျွန်တော်တို့ ဝယ်နေတဲ့ နံပါတ် ၃ တစ်ပေါင်က ၇၅၀ ကျပ်လောက်ဝယ်တယ်၊ အခု ဒီ ၁၁ လပိုင်းမှာဆိုရင် ၇၀၀ လောက်ပဲရှိတော့တယ်” ဟု ဆိုသည်။

    ယင်းကဲ့သို့ ရာဘာဈေးနှုန်းကျဆင်းခြင်းကြောင့် ရာဘာခြံပိုင်ရှင်များအတွက် အဆင်မပြေကြောင်း ရေးမြို့နယ်၊ စိန်ကြီးရွာမှ ခြံပိုင်ရှင် ဒေါ်အေးကြည်က ပြောသည်။

    “ဟိုတစ်ခါရောင်းတုန်းက တစ်ပေါင်ကို ၇၀၀ လောက်ရတယ်၊ အခုဈေးနှုန်းကပြန်ကျသွားတယ် ၆၇၀ လောက်ပဲရှိတယ်၊ ရာဘာဈေးက နှစ်တိုင်းကျနေတယ်၊ ရာဘာတစ်ခုကိုပဲ အားကိုးနေရတော့ အဆင်မပြေဘူး”ဟု ဒေါ်အေးကြည်က ဆိုသည်။

    မွန်ပြည်နယ်တွင် ရာဘာစိုက်ဧက (၅) သိန်းကျော်ရှိရာ လုပ်သားရှားပါးမှုကြောင့် ဧက (၁) သိန်းခန့် လုပ်ငန်းရပ်ဆိုင်းထားရကြောင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks