spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း၏ အရိုးပြာအိုးကို သထုံမြို့တွင် ယာယီထားရှိ

    မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း၏ အရိုးပြာအိုးကို သထုံမြို့တွင် ယာယီထားရှိ

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ-၈)။ ။ ကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း အသက်(၉၆) နှစ်၏ ကြွင်းကျန်သော အရိုးပြာအိုးကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်သို့ သယ်ဆောင်လာပြီး သထုံမြို့ရှိ မွန်ပရိယတ္တိ စာသင်တိုက်တွင် ခေတ္တယာယီထားရှိထားကြောင်း ဈာပနကျင်းပရေးကော်မတီမှ သိရသည်။

    ထိုနောက် ကွယ်လွန်သူ မွန်ခေါင်းဆောင် နိုင်ထွန်းသိန်းနှင့် နိုင်သိမ်းမောင်တို့၏ ပေါင်မြို့ရှိအုတ်ဂူအနီး၌ နိုင်ငွေသိမ်း၏ အရိုးပြာအိုးကို အုတ်ဂူဖြင့်မြှုပ်နှံရန် စီစဉ်လျက်ရှိသည်။

    ရန်ကုန်မြို့ ရေဝေးသုဿာန်၌ အောက်တိုဘာ ၆ ရက်နေ့က ကျင်းပခဲ့သော နိုင်ငွေသိမ်း ဈာပနအခမ်းအနားတွင် ဝါရင့်နိုင်ငံရေးသမားများ၊ အစိုရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မွန်တိုင်းရင်းသားများနှင့် ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးသားချင်းများ တက်ရောက်ကြသည်ကို တွေ့ရသည်။

    Photo-နိုင်ငွေသိမ်း၏ ဈာပနအခမ်းအနား(ကျင်းပရေးကော်မတီ)

    ယင်းအခမ်းအနားတွင် ကွယ်လူသူမွန်ခေါင်းဆောင်ကြီးအား မွန်အမျိုးသားအလံလွှမ်းခြုံပေးခြင်း၊ ခေါင်းဆောင်ကြီးနှင့်အတူ ကျဆုံးသူရဲကောင်းများအား တစ်မိနစ်ဦးညွတ်ငြိမ်သက်ခြင်း၊ အထုပ္ပတ္တိဖတ်ကြားခြင်း၊ အမှတ်တရ ဝမ်းနည်းခြင်းစကားပြောကြားခြင်း၊ နိုင်ငံရေးပါတီအသီးသီးတို့မှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာများဖတ်ကြားခြင်း၊ အမိန့်စာပြန်တမ်းဖတ်ကြားခြင်း၊ မွန်အမျိုးသားသီးချင်းဖြင့် ဦးညွတ်အလေးပြုခြင်း၊ ဂါရဝပြုခြင်းနှင့် မီးသဂြိုလ်အခမ်းအနား ပြုလုပ်ခဲ့ခြင်းတို့ ဖြစ်သည်။

    အထူးသဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ UNFC, စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA, ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF တပ်ပေါင်းစုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD, ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဗဟိုဌာနချုပ်) DPNS, ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD, ရခိုင်ပြည်အမျိုးသားကောင်စီ ANC, ကရင်အမျိုးသားအစည်းအရုံး(ဗဟိုဌာနချုပ်) KNU-HQ, KNU Concern Group, မွန်ပြည်သစ်ပါတီ NMSP, မွန်စာပေယဉ်ကျေးမှုအဖွဲ့များနှင့် မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    ဆရာကြီးနိုင်ငွေသိမ်းအား မွန်အမျိုးသားအရေး တိုင်းရင်းသားအရေးတွေအတွက် တိုက်ပွဲဝင်သူရဲကောင်း၊ အတွေးအခေါ် အမြော်အမြင် မြင့်မားသည့် နိုင်ငံရေးသမား၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူ၊
    ၊ ရှေ့မီနောက်မီသမိုင်းဝင်ပုဂ္ဂိုလ်၊ မွန်တိုင်းရင်းသားတွေအတွက် စံပြပုဂ္ဂိုလ်၊ လူငယ်တွေကိုလမ်းပြသူ၊ လူငယ်တွေကိုထက်မြတ်စေချင်သူ၊ နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှ တိုက်ပွဲဝင်ခဲ့သူ ၊ မွန်ပြည်နယ်ဖော်ထုတ်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ၊ စစ်အာရှင်စနစ်ဆန့်ကျင်သူ စသည်ဖြင့် အထက်ပါသဝဏ်လွှာအသီးသီးတို့တွင် ဂုဏ်ပြုရေးသားခဲ့သည်ကို တွေ့ရှိရသည်။

    နိုင်ငွေသိမ်းကို ၁၉၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အဘ နိုင်သာဒွန်းအောင်နှင့် မိခင် မိငွေသုန်တို့မှ ကရင်ပြည်နယ် ထုံးအိုင်ကျေးရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ကွယ်လွန်ချိန်တွင် (ဇနီး မိနှင်းစိန်) ရန်ကုန်မြို့၌ သား မင်းတင်နိုင်ဦး၊ ချွေးမ၊ မြေးတစ်ဦး ကျန်ရစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks