spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းJMC အကောင်အထည်ဖော်ဆောင်မှုထိရောက်မှသာ မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်နိုင်မည်ဟုဆို

    JMC အကောင်အထည်ဖော်ဆောင်မှုထိရောက်မှသာ မြန်မာ့ငြိမ်းချမ်းရေးအောင်မြင်နိုင်မည်ဟုဆို

    -

    မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ထိရောက်မှသာ မြန်မာ့ငြိမ်းချမ်းရေး အောင်မြင်နိုင်လိမ့်မည်ယူဆကြောင်း နိပေါနိုင်ငံငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်သို့ လိုက်ပါလျက်ရှိသော မွန်ပြည်သစ်ပါတီဗဟို စစ်ဘက်ရေးရာတာဝန်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းက ပြောသည်။

    JMC-U အဖွဲ့ဝင် ဗိုလ်ချုပ်လယီကောင်းက “လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အများသိနေကြတဲ့အတိုင်းပါပဲ (၂၁) ရာစုပင်လုံဟာ ရှေ့ဆက်သွားလို့မရသလို ဖြစ်နေပြီ၊ တစ်ဆို့မှုတွေကလည်း ကြာခဲ့ပြီ၊ JMC အနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှု အားနည်းခဲ့တာရှိတယ်၊ ဘာကြောင့်လဲဆိုတော့ NCA လက်မှတ်ထိုးပြီးဒေသတွေမှာ သေနတ်သံမစဲသေးဘူး၊ ရှမ်းနဲ့ ကရင်တွေမှာ အစိုးရတပ်နဲ့ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    နိပေါနိုင်ငံသို့ JMC-U အဖွဲ့ခရီးစတင်မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင်အမှတ်တရ(JMC)

    နော်ဝေးသံရုံး၏ စီစဉ်မှုဖြင့် ပြည်ထောင်စုအဆင့် (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော (၁၅) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဖြစ်စဉ် ၇ ရက်ကြာလေ့လာရန်အတွက် နီပေါနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က စတင်ရောက်ရှိနေခြင်း ဖြစ်သည်။

    “နီပေါငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျနော်တို့နိုင်ငံနဲ့ မတူပေမယ့်လည်း အတုယူစရာတွေအများကြီး ရှိပါတယ်၊ ဒါပေမယ့် သူများငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပုံတူကူးချပြီး ကျနော်တို့ဆီမှာ လာတည်ဆောက်လို့ မရနိုင်ပါဘူး၊ ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးအောင်မြင်ဖို့ဆိုတာ တပ်မတော်အပါအဝင်အစိုးရနဲ့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ဖက်စလုံး ကျနော်တို့အစွမ်းအစ၊ ကျနော်တို့ပုံစံနဲ့ပဲ တည်ဆောက်သွားရမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်လယီကောင်းက ဆက်ပြောသည်။

    ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲ Workshop များမှ တွေ့ရှိချက်များအရ လက်နက်ဖြုတ်သိမ်းရေးနှင့် တပ်ဖျက်သိမ်းရေး DDR ကို အစိုးရတပ်ရော သူပုန်တပ်ဘက်ကပါ နှစ်ဖက်စလုံးဆောင်ရွက်ခဲ့ကြသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး SSR သာ တွေ့ရှိရကြောင်း၊ လက်ရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA တွင် အချိန်ကန့်သတ်ချက်များ မပါရှိသည်မှာ အားနည်းချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    အဆိုပါ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်တွင် နီပေါနိုင်ငံ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကာလအတွင်း ပါဝင်ခဲ့သူများနှင့် ယမန်နေ့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏အတွေ့အကြုံများကို ရှင်းပြခဲ့သည်ဟု သိရသည်။

    ခရီးစဉ်တွင် JMC-U ဥက္ကဋ္ဌ အပါအဝင် ဒုတိယဥက္ကဋ္ဌ၊ JMC-U အဖွဲ့ဝင်များ ဖြစ်ကြသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးတို့ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်အဖွဲ့ဝင် (၁၅) ဦး လိုက်ပါသွားခဲ့သည်ဟု Joint Ceasefire Monitoring Committee Facebook စာမျက်တွင် သတင်းဖော်ပြသည်။

    အလားတူ လွန်ခဲ့သည့် ဩဂုတ် ၂၄ မှ ၃၀ ရက်အထိ နော်ဝေးနိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်တွင် JMC-U ကိုယ်စားလှယ်အဖွဲ့နှင့် နည်းပညာအထောက် အကူပြုရုံးဝန်ထမ်းများ အပါအဝင် ၁၈ ဦးလိုက်ပါခဲ့ကြောင်း JMC က သတင်းထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks