spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်နေသည့်အနေအထားမတွေ့ရှိဟု KPSN သုံးသပ်

    လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်နေသည့်အနေအထားမတွေ့ရှိဟု KPSN သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ-သြဂုတ်(၃၁)။ ။လက်ရှိမြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် သွားနေသည်ကိုတွေ့ရှိသဖြင့် ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်နေသည့်အနေအထားမတွေ့ရှိရဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN မှ စောလေးကပေါက ပြောသည်။

    “ဖက်ဒရယ်ဒီမိုကရေစီဆီကို ဦးတည်နေတာမတွေ့ရဘူးလို့ ကျနော်တို့သုံးသပ်ထားတယ်၊ ဘာဖြစ်လဲဆိုတော့ ဆွေးနွေးမှုတိုင်းမှာ တဖက်သတ်ဆန်တယ်၊ ဆွေးနွေးမှုအားလုံးက တောင်းဆိုတဲ့အချက်တွေ အတည်ပြုတဲ့ အချက်တွေ ရလဒ်တွေဟာ ၂၀၀၈ အခြေခံဥပဒေအောက်က သွားနေရတဲ့အချက်တွေပဲ ဖြစ်နေတဲ့အတွက်မို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီကို ရောက်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ယူဆတယ်၊ ဒါကြောင့် “ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး” အစီရင်ခံစာထုတ်ပြန်ရတာဖြစ်တယ်” ဟု စောလေးကပေါက ဆိုသည်။

    KPSN ၏ ရှေ့ဆက်ရန်မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး” အစီရင်ခံစာပါရုပ်ပုံတစ်ခု(Copy)

    လက်ရှိ နိုင်ငံရေးဆွေးနွေးမှုမူဘောင်တွင် အဓိကတံခါးပေါက် ၅ ပေါက်ဖြစ်သည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ TWC ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ UPDJC-S ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ရာစု ပင်လုံ )၊ ပြည်ထောင်စုလွှတ်တော်များကို မဖြစ်မနေဖြစ်သန်းနေရသည်မှာ အဟန့်အတားများစွာ ဖြစ်စေကြောင်း၊ အချို့ဆွေးနွေးချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့်မကိုက်ညီဟုဆိုကာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ အချို့သောတိုင်းရင်းသားပါတီများက ပယ်ချမှုများရှိခဲ့ကြောင်း ၎င်းကပြောသည်။

    စောလေးကပေါက “ငြိမ်းချမ်းရေးဆွေးနွေးမှုလို့ပြောပေမယ့် နှစ်ဦးနှစ်ဖက် အတူတကွသဘောတူဆွေးနွေးမှုနဲ့ သွားတာမဟုတ်ဘဲနဲ့ ကိစ္စတော်တော်များများကို တပ်မတော်ရဲ့ခွင့်ပြုချက်နဲ့ သွားနေရတဲ့ပုံစံမျိုးဖြစ်နေရတယ်” ဟု ဆိုသည်။

    မြန်မာပြည်၏ငြိမ်းချမ်းရေး လားရာသည်လည်း စစ်ပွဲများဖြင့်ဦးတည်လာနေသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ကချင်၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေသည့်အပြင် နောက်ပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့ကို တပ်မတော်မှ ဦးတည်တိုက်ခိုက်လာသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။

    မကြာသေးမီက ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅) နယ်မြေသို့ ဝင်ရောက်လာသော တပ်မ ၄၄ စစ်ကြောင်းနှင့် ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့ထွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားသဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ KNU မှ ကန့်ကွက်အကြောင်းကြားစာပေးပို့ခဲ့ကြောင်း မိတ္တူစာကို မွန်သတင်းအေဂျင်စီမှ လက်ခံရရှိခဲ့သည်။

    တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဆွေးနွေးသုံးသပ်မှုအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စက်တင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်များမှ သိရသည်။

    အလားတူ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် NRPC ရုံး၌ သြဂုတ်လ ၂၉ မှစတင်၍ ၃ ရက်ကြာကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks