spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု မွန်ပြည်သစ် သဘောထားထုတ်ပြန်

    ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု မွန်ပြည်သစ် သဘောထားထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ-သြဂုတ်(၂၇)။ ။ မွန်အမျိုးသားတို့၏ ခေတ်အဆက်ဆက် ဆင်နွှဲလာသော တော်လှန်ရေးပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သြဂုတ်(၂၆) ရက်နေ့တွင် ကျရောက်သည့်( ၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ်ပါတီက သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

    ထို့ပြင် လိုအပ်သော အရင်းအမြစ် အားမာန် ဇွဲသတ္တိများ စုဆောင်းမွေးမြူပြီး ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးပါတီ/အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်အတူ မွန်တမျိုးသားလုံးလက်တွဲကာ ချီတက်တိုက်ပွဲဝင်သွားကြပါစို့ဟု တိုက်တွန်းရေးသားထားသည်။

    -( ၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား(မွန်ပြည်သစ်သတင်းစဉ်)

    ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဖက်များကြား သဘောထားကွာဟနေဆဲဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံး ဆက်လက်ဝိုင်းဝန်းကြိုးပမ်း အဖြေရှာရမည်ဟု ဆိုသည်။

    အလားတူ ဘြဝတူတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် NCA လက်မှတ်ရေးထိုးပြီးအဖွဲ့၊ NCA မရေးထိုးရသေးသည့်အဖွဲ့နှင့် NCA လမ်းကြောင်းပြင်ပ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အား မွန်ပြည်သစ်ပါတီအနေဖြင့် ပည်တွင်းငြိမ်းချမ်းရေးအောင်မြင်ရေးအတွက် ဆက်လက်ဆွေးညှိနှိုင်းလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ထောမွန် ပေးပို့သည့် (၇၁) ကြိမ်မြောက် မွန်တော်လှန်းရေးနေ့ သဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

    လက်ရှိပြောင်းလဲမှုတို့သည် ဒီမိုကရေစီစနစ်နှင့် စစ်မှန်သောဖက်ဒရယ်စနစ်ကို ရောက်ရှိနိုင်မှသာ ပြည်ထောင်စုတစ်ခုလုံး ရေရှည်အေးချမ်းမှုရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ မိမိတို့ကြမ္မာဖန်တီးနိုင်မှုသည် ညီညွတ်ရေးကိုတည်ဆောက်နိုင်မှာဖြစ်သည့်အတွက် နိုင်ငံအဝှမ်း ဧကန်မုချတိုးတက်မြင့်မားလာလိမ့်မည်ဟု ယုံကြည်မိကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ သဝဏ်လွှာတွင် ဆက်လက်ဖော်ပြသည်။

    မွန်လူထုများအနေဖြင့်လည်း အမျိုးသားညီညွတ်ရေးကို အထူးအာရုံစိုက်၍ ပိုမိုလုပ်ဆောင်သွားကြရန် ယနေ့ (၇၁) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် သံဓိဌာန်အခိုင်အမာချမှတ်ပြီး ဆက်လက်ကြိုးပမ်းသွားကြပါစို့ဟု တိုက်တွန်းရေးသားထားသည်။

    မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင်၎င်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် မော်လမြိုင်ခရိုင်ဌာနချုပ်တွင်၎င်း၊ ကော့ကရိတ်မြို့နယ်အခြေစိုက် သထုံခရိုင်ဌာနချုပ်တွင်၎င်း၊ ဘုရားသုံးဆူနယ်စပ်အခြေစိုက် ဗဟိုဒေသဝန်းကျင်အုပ်ချုပ်ရေးဒေသတွင်၎င်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ထားဝယ်ခရိုင်တွင်၎င်း မွန်တော်လှန်ရေးနေ့ အခမ်းအနားကို စစ်ရေးပြ အလံတင်အခမ်းအနားများဖြင့် ကျင်းပခဲ့ရာတွင် မွန်ပြည်သစ်ပါတီ၏သဘောထားထုတ်ပြန်ချက်နှင့် ဥက္ကဌသဝဏ်လွှာတို့ကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

    ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်ရေးရရှိပြီးသည့်နောက် တရားဥပဒေဘောင်အတွင်းမှ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော မွန်ပြည်နယ်ရရှိရေးအတွက် တောင်းဆိုမရသည့်အဆုံးတွင် မွန်လူငယ်တစ်စုက ဇာသပြင်ကျေးရွာရှိ ဖဆပလအစိုးရ၏လုံခြုံရေးတပ်စခန်းကို လက်နက်လုယက်သိမ်းပိုက်ခဲ့သည့် ဝါခေါင်လပြည့်နေ့မှစတင်၍ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းပေါ်ပေါက်လာသည်ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks