spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ တစ်ပါတီဖြစ်ရေး အချက် ၅ ချက်သဘောတူညီမှုရရှိ

    မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ တစ်ပါတီဖြစ်ရေး အချက် ၅ ချက်သဘောတူညီမှုရရှိ

    -

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP-မွန်အမျိုးသားပါတီ MNP နှစ်ပါတီတို့၏ Mon Unity Community-MUC နှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့တို့၏ မွန်တစ်ပါတီဖြစ်မြောက်ရေးဆွေးနွေးပွဲမှ အချက် ၅ ချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာခဲ့သည်။

    မော်လမြိုင်မြို့၊ တော်ဝင်ဟင်္သာဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသော အဆိုပါ မွန်တစ်ပါတီဖြစ်မြောက်ရေး ဆွေးနွေးပွဲအပြီး MUC ခေါင်းဆောင် နိုင်ကျန်ရစ်နှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့ ခေါင်းဆောင် နိုင်တလညီတို့ သဘောတူလက်မှတ်ရေးထိုး၍ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    နိုင်ကျန်ရစ်က “ All Inclusive အားလုံးပါဝင်ရေး ခေါင်းစဉ်အောက်မှာ ရာမညအင်အားစုပဲပြောပြော မွန်ကိုယ်စားပြု ၂၁ ဦးပဲဆိုဆို ကျနော်တို့ MUC ၅ ဦးနဲ့ဆွေးနွေးတဲ့နေရာမှာ ရာခိုင်နှုန်းအားဖြင့် ၉၉% လောက် သဘောတူရရှိခဲ့တယ်လို့ ပြောလို့ရတယ်၊ မွန်လူထုအားလုံးလိုလားနေတဲ့ မွန်တစ်ပါတီဖြစ်ရေးရည်မှန်းချက် အောင်မြင်တယ်လို့ ယူဆတယ်” ဟု ဆိုသည်။

    မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့ သတင်းစာရှင်းလင်းပွဲ(Facebook)

    ပေါင်းစည်းမှုနှင့် မွန်တစ်ပါတီဖြစ်မြောက်ရေး၊ အဆင့်အလိုက်ပါဝင်မှုအရေအတွက်၊ ပါတီအမည် ၁၃ ခုထဲမှ ၁ ခုကိုရွေးချယ်အတည်ပြုရန်၊ မွန်တစ်ပါတီဖြစ်မြောက်မှုတွင် ကျန်အင်အားစုများပါဝင်လာရေးနှင့် ကျန်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားရန် စသည့် အချက် ၅ ချက်သဘောတူမှုရရှိခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ ယနေ့ရရှိခဲ့သော အထက်ပါသဘောတူညီချက်များအရ မွန်ကိုယ်စားပြုပါတီ ၂၁ ဦး အဖွဲ့အနေဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း နိုင်တလညီက ယနေ့သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

    မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့မှ ဆွေးနွေးပွဲတက်ရောက်သူ နိုင်ရဲဇော်က “လုံးဝဥဿုံအားလုံးသဘောတူတာ မဟုတ်ပေမယ့်လည်း Dialogue တစ်ခုအနေနဲ့ကြည့်ရင် အောင်မြင်တယ်လို့ ဆိုရမှာပါ၊ ဒါပေမယ့် အပြီးသပ်ဆွေးနွေးချက်အထိတော့ မရသေးဘူးပေါ့၊ ကျနော်တို့ဘက်က တောင်းဆိုတဲ့အချိန်ကန့်သတ်ချက်နဲ့ ပတ်သက်တဲ့အချို့တွေ အပြတ်မရသေးဘူး” ဟု ဆိုသည်။

    ဖြစ်ပေါ်လာမည့် ပါတီသစ်ကို ၂ လအတွင်း မှတ်ပုံတင်ရန် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့မှ အဆိုပြုထားသော်လည်း မပြီးပြတ်သေးသည့် ကျန်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် နှစ်ဖက်အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ပြောကြားမှုများရှိခဲ့သည်ဟု သိရသည်။

    အလားတူ AMDP နှင့် MNP တို့ လက်ရှိနှစ်ပါတီပေါင်းစည်းရေး အပြီးသတ်ဆောင်ရွက်နေချိန်တွင် ကျန်ရှိသည့်အင်အားစုအားလုံး တပြိုင်တည်းပါဝင်ပေါင်းစည်းလာရေးအတွက် အချိန်မဆွဲဘဲ သက်ဆိုင်ရာပါတီခေါင်းဆောင်များ အမြန်ဆုံးဆောင်ရွက်ပေးသင့်ကြောင်း မကြာသေးခင်က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာ တိုက်တွန်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks