Wednesday, March 25, 2026
More
    spot_img
    Homeသတင်း၁၉၄၇ ခုနှစ်ပင်လုံစာချုပ်မူ အကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်နိုင်လိမ့်မည်ဟု UNA ကြေညာချက်ထုတ်ပြန်

    ၁၉၄၇ ခုနှစ်ပင်လုံစာချုပ်မူ အကောင်အထည်ဖော်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်နိုင်လိမ့်မည်ဟု UNA ကြေညာချက်ထုတ်ပြန်

    -

    ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံမူအတိုင်းဆောင်ရွက်မှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA က အခြေခံမူများ ၉ ချက်ပါ သဘောထားကြေညာချက်တစ်စောင် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    အဆိုပါ သဘောထားကြေညာချက်ကို ရန်ကုန်မြို့ရှိ ခဝဲခြံမျက်မမြင်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သော “ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)” သို့ ပေးပို့ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

    ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ(ရန်ကုန်)-(Facebook)

    ယင်းကြေညာချက်၌ပါရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ၉ ချက်တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုအတူတကွတည်ဆောက်ပြီး အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီစနစ်ရှင်သန် ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းထားသည်။

    ထို့ပြင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ကို အာမခံနိုင်သည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူအပေါ်အခြေခံပြီး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုကို အလေးပေးဆောင်ရွက်ရန်။ ပြည်တွင်းပြဿနာများကို ဖြေရှင်းရာတွင် စစ်ရေးနည်းလမ်းကို အသုံးမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် စသည့်အချက်များကိုလည်း ဖော်ပြထားသည်။

    ၁၉၄၇ ၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့သည် ပြည်ထောင်စုကိုဖွဲ့စည်းတည်ထောင်ခဲ့သည့် ပင်လုံစာချုပ်၏အနှစ်သာရများကို ဖော်ဆောင်ခဲ့ခြင်းမရှိဟု အဆိုပါသဘောထားကြေညာချက်တွင် ပါရှိသည်။

    UNA တွင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD, ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD, မွန်အမျိုးသားပါတီ MNP, ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD, ကချင်အမျိုးသားကွန်ကရက် KNC, ကယန်းအမျိုးသားပါတီ KNP, ရှမ်းပြည် ကိုးကန့်ဒီမိုကရက်ပါတီ SSKDP, ကရင်အမျိုးသားပါတီ KNP, ရခိုင်မျိုးချစ်ပါတီ APP,မြိုအမျိုးသား ဒီမိုကရေစီပါတီ MNDP,ဓနုတိုင်းရင်းသား လူမျိုးများပါတီ DNDP, ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ SNSP, ခူမီး(ခမီး) အမျိုးသားပါတီ KNP, ချင်းဒီမိုကရေစီအဖွဲ့ချုပ် CLDP နှင့် ချင်းတိုးတက်ရေးပါတီ CPP တို့ပါဝင်ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks