spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီပေါင်းစည်းပြီးပါက မူလပါတီဖျက်သိမ်းစရာမလို

    မွန်နှစ်ပါတီပေါင်းစည်းပြီးပါက မူလပါတီဖျက်သိမ်းစရာမလို

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ နှစ်ပါတီပေါင်းစည်းပြီးပါက နဂိုမူလရှိနေသည့်ပါတီကို ဖျက်သိမ်းစရာမလိုကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောကြားသည်။

    “နှစ်ပါတီပေါင်းစည်းပြီးရင် ပါတီမှတ်ပုံတင်တဲ့ကိစ္စကို ဥပဒေအတိုင်းဆောင်ရွက်သွားမယ်။ ပါတီပေါင်းစည်းပြီးရင်လည်း နဂိုရှိနေတဲ့ ပါတီတွေကို ဖျက်စရာမလိုဘူး။ ပါတီပေါင်းစည်းပြီးရင် ရွေးကောက်ပွဲကော်မရှင်မှာ လက်မှတ်ထိုးမယ်။ ပြီးရင် ပေါင်းစည်းခြင်းကို ကော်မရှင်ကခွင့်ပြုပြီးရင် ပါတီအမည်သစ်ကို တင်ပေးရမှာဖြစ်တယ်”ဟု နိုင်စံတင်က ပြောသည်။

    မွန် ၂ ပါတီထိပ်ပိုင်းခေါင်းဆောင်များဆွေးနွေးပွဲ(Facebook)

    ယင်းကိစ္စနှင့် ပတ်သက်၍ ပါတီဖွဲ့စည်းပုံ၊ အလံ၊ တံဆိပ် စသည်များကိုလည်း တင်ပြပေးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က နှစ်ပါတီခေါင်းဆောာင်များ တတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုတွင် တာဝန်ခွဲဝေရေးမူဘောင်ကို သဘောတူညီချက်ရရှိခဲ့ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုး နိုင်လယီတမက ပြောသည်။

    “ပြီးခဲ့တဲ့ ဆွေးနွေးပွဲက သဘောတူခဲ့တဲ့ အချက်တစ်ချက်ဖြစ်တဲ့ ပါတီအမည်သစ်ရွေးချယ်သတ်မှတ်ရေးနဲ့ ပတ်သက်လို့ ဒီနေ့ကစပြီးတော့ မွန်ရဟန်းရှင်လူ၊ ပြည်သူတစ်ရပ်လုံးရဲ့ အကြံဉာဏ်ကို ရယူသွားပါမယ်” ဟု နိုင်လယိတမက ပြောသည်။

    အဆိုပါ တာဝန်ခွဲဝေမှုကိစ္စကို လာမည့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်မည့် စတုတ္တအကြိမ်ဆွေးနွေးမှုတွင် နှစ်ဖက်ပါတီက တာဝန်အတိအကျခွဲဝေသွားမည်ဖြစ်ပြီး ပါတီအမည်သစ်ရွေးချယ်သတ်မှတ်ရေးကိစ္စကိုလည်း ရွေးချယ်အတည်ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ပါတီအမည်ပေးမည့်ကိစ္စကို ဇူလိုင်လ ၁၅ ရက်နေ့အထိ အချိန်နှစ်ပတ်အတွင်း မြို့နယ်တိုင်းရှိ နှစ်ဖက်ပါတီရုံးများတွင်၄င်း၊ သက်ဆိုင်ရာပါတီ၏ လူမှုကွန်ယက်စာမျက်နှာတွင်၄င်း အကြံပြုနိုင်ကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက ဆိုသည်။

    နှစ်ပါတီပေါင်းစည်းရေးအတွက် သဘောတူညီချက် (၅)ချက် ရရှိထားပြီးဖြစ်ရာ ပါတီအမည်သစ်နှင့် ပါတီခေါင်းဆောင်များ၊ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ ပါတီဗဟိုကော်မတီ၏ အမည်စာရင်းများကို သတ်မှတ်အတည်ပြုပြီးလျှင် ပါတီပေါင်းစည်းရေးကိစ္စက ပြီးပြတ်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း၊ ဥပဒေအရ ပါတီအသစ်ကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ အသိအမှတ်ပြုရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက ဆိုသည်။

    မွန်နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီတွင် မွန်အမျိုးသားပါတီမှ ဒုတိယ ဥက္ကဋ္ဌ နို်င်တင်အောင်၊ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ ၊ နိုင်စိုးမြင့်၊ နိုင်ထွန်းဖေနှင့် မိကျဲကျဲညီ (၅) ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ချမ်းတွဲ့၊ ဒေါက်တာဗညားအောင်မိုး၊ နိုင်လွီအောင်၊ နိုင်ကျန်ရစ်နှင့် မိလွီဟန်တို့ (၅) ဦးတို့ ပါဝင်သည်။

    ပါတီပေါင်းစည်းနိုင်ရေးအတွက် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ နှစ်ပါတီမှ ကိုယ်စားလှယ် ၃ ဦးစီဖြင့် ၇ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ပါတီမှ ထိပ်တန်းကိုယ်စားလှယ် ၅ ဦးစီ ပါဝင်သည့် နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းကာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရုံးချုပ်တွွင် တွေဆုံဆွေးနွေးမှုြုပုလုပ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks