Friday, March 13, 2026
More
    spot_img
    Homeသတင်း၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့တွင်စတင်ကျင်းပရန် UPDJC အတွင်းရေးမှူးများဆုံးဖြတ်

    ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့တွင်စတင်ကျင်းပရန် UPDJC အတွင်းရေးမှူးများဆုံးဖြတ်

    -

    (၂၁) ကြိမ်မြောက်UPDJC အတွင်းရေးမှူးများ အစည်းအဝေး(Hla Mg Shwe)

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းကို လာမည့် ဇူလိုင် ၁၁ ရက်နေ့တွင် စတင်ကျင်းပရန် ယမန်နေ့ (၂၁) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC အတွင်းရေးမှူးများ အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း အစည်းအဝေးတက်ရောက်သူများထံမှ သိရှိရသည်။

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက “အဓိက ညီလာခံဘယ်ရက်တွေမှာလုပ်ဖို့ UPDJC ကို တင်ပြဖို့အတွက် ရက်တွေသတ်မှတ်တယ်၊ ညီလာခံက ဇူလိုင် ၁၁ ရက်နေ့မှာကျင်းပဖို့ ကျနော်တို့အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းခဲ့ကြတယ်” ဟု ဆိုသည်။

    အဆိုပါ ညှိနှိုင်းရရှိခဲ့သည့် ညီလာခံကျင်းပမည့်ရက်ကို လာမည့် ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပမည့် UPDJC အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူမည်ဟု ၄င်းကပြောသည်။

    “ညီလာခံမှာ လုံခြုံရေးကဏ္ဍကိုလည်း ဘယ်လိုဆွေးနွေးကြမလဲ၊ ဘယ်လိုဆွေးနွေးသင့်သလဲပေါ့၊ အဲဒီကိစ္စမှာတော့ အကြေအလည်တော်တော်လေး ဆွေးနွေးလိုက်ရတယ်” ဟု မင်းဇေယျာဦးက ဆက်ပြောသည်။

    ထို့အတူ ညီလာခံသို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ဖိတ်ကြားမည်ဖြစ်ကြောင်းမူအားဖြင့် သဘောတူထားသော်လည်း မြောက်ပိုင်းမဟာမိတ် TNLA ၊ AA နှင့် MNDAA ၃ ဖွဲ့တို့ကို ဖိတ်ကြားသင့်၊ မသင့်ကို အစိုးရနှင့်တပ်မတော်တို့ ညှိနှိုင်းရဦးမည်ဟု ဆိုသည်။

    နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အထူးသဖြင့် လုံခြုံရေးနဲ့ ပက်သက်လို့ လုပ်ငန်းကော်မတီမှာ အချို့ကို ဆွေးနွေးသွားမယ်။ ဆွေးနွေးတဲ့ဟာကလည်း EAOs တိုင်းရင်းသား လက်နက်ကိုင်နဲ့ တပ်မတော် အလွတ်သဘော ဆွေးနွေးပွဲမှာ သဘောတူညီတဲ့အချက်တွေအပေါ် အခြေခံပြီး ဆွေးနွေးမယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံရေးကဏ္ဍတွင် ခွဲမထွက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာကိစ္စရပ်များကို ယခုကျင်းပမည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ဆွေးနွေးဦးမည်မဟုတ်ဟု သိရသည်။

    ယခုကျင်းပပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူးအစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၅ ခုချမှတ်ခဲ့ပြီး ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော် MICC2 အဆောက်အဦ၌ လုပ်ငန်းကော်မတီအစည်းအဝေးများ ဆက်လက်ပြုလုပ်၍ ရရှိလာမည့်ဆုံးဖြတ်ချက်များကို UPDJC အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks