spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဖြုတ်ချခံတရနာကျေးရွာ အမျိုးသမီးအုပ်ချူပ်ရေးမှူးကို တာဝန်ပြန်လည်ပေးအပ်

    ဖြုတ်ချခံတရနာကျေးရွာ အမျိုးသမီးအုပ်ချူပ်ရေးမှူးကို တာဝန်ပြန်လည်ပေးအပ်

    -

    ကျိုက်မရောမြို့နယ် တရာနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေး

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရာနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေး(ခ) မိကျလွန်းထောကို ဧပြီလ ၂၆ ရက်တွင် ဖြုတ်ချလိုက်ပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုအခါ တာဝန်ပြန်လည်ပေးအပ်လိုက်ကြောင်း သက်ဆိုင်ရာမှသိရသည်။

    ၄င်းအား တာဝန်မှရပ်စဲသည့် ဆုံးဖြတ်ချက်အား ပယ်ဖျက်၍ ပြင်းထန်စွာသတိပေးရန် ဇွန်လ ၂၁ ရက်နေ့က ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းကြားစာပေးပိုခဲ့ကြောင်း မိသန်းဌေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ကျွန်မကအနေနဲ့ တာဝန်မယူချင်တော့ဘူး။ ဒါပေမယ့် ပြည်သူက ရွေးချယ်တင်မြောက်ထားတယ်ဆိုတော့ ပြည်သူတွေနဲ့တွေ့ဆုံပြီး ကျွန်မအနေနဲ့ ဆက်လက်တာဝန်ယူသင့် မသင့် ဒါမှမဟုတ် အနားယူရမလားဆိုတာ သူတို့ကို မေးမြန်းပါ့မယ်။ ကျွန်မစိတ်အနေနဲ့ဆိုရင်တော့ အနားယူချင်တယ်။ တာဝန်ယူချင်တဲ့စိတ်နည်းနည်းမှ မရှိတော့ဘူး”ဟု ဒေါ်မိသန်းဌေးက ဆိုသည်။

    မိမိဂုဏ်သိက္ခာကို အဖတ်ဆယ်ယူခွင့်ရခဲ့သည့်အတွက် ဝမ်းသာသည့်အပြင် ကျေးရွာပြည်သူများကလည်း အမှန်တရားအတွက်ရပ်တည်ပြီး ဆန္ဒဖော်ထုတ်ပေးသည်ကို ကျေနပ်မိကြောင်း သူမက ဆက်ပြောသည်။

    (၆-၆-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်အစိုးရ၊ အစည်းအဝေးအမှတ်စဉ်(၂၂/၂၀၁၈) အရ (၁၀-၄-၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ်(၈) အရ တာဝန်မှရပ်စဲရန်ဆုံးဖြတ်ချက်အား ပယ်ဖျက်၍ပြင်းထန်စွာ သတိပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးစာမိတ္တူတွင် ဖော်ပြသည်။

    တရနာကျေးရွာ၊ မကျီးပင်စုရပ် ဦးလှမောင် ပိုင်ဆိုင်သည့် မြေအား ကာရံထားသည့် သွပ်ပြားများကို မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံခံယူထားသူ ဖျက်စီးခဲ့သည်ကို တာဝန်မယူခြင်း၊ ယင်းနိုင်ငံခြားသားကို ကျေးရွာတွင် ဥပဒေမဲ့ ရက်ရှည်လများနေထိုင်၍ မူးယစ်ရမ်းကားနေသည်ကို အရေးမယူသတင်းမပို့ခြင်းနှင့် ပတ်သက်၍ မကျီးပင်စုရပ်နေသူတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ ယင်းကျေးရွာအုပ်ချုပ်ရေးမှူးသည် ရပ်ကျေးဥပဒေ အခန်း(၄)၊ ပုဒ်မ (၁၇) နိုင်ငံခြားသားများ ဝင်ထွက်သွားလာခြင်း၊ နိုင်ငံခြားသားများနှင့် ပတ်သက်၍ ထူးခြားဖြစ်စဉ်ကို တင်ပြခြင်း၊ အဆိုပါ ဥပဒေကို ချိုးဖောက်ခဲ့သည့်စွပ်စွဲချက်ဖြင့် တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ တာဝန်ရပ်စဲခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် ပါရှိသည်။

    တရနာကျေးရွာအုပ်စုတွင် တရနာ၊ ကျွန်းကုန်း၊ ကော့စွယ်၊ ကော့နွတ်ကျေးရွာ (၄) ရွာရှိပြီး လူဦးရေ ၂၈၀၀ ကျော်ရှိကာ မိသန်းဌေးသည် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကို ၂၀၁၅ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သော တက်ကြွလှုပ်ရှားသူ မွန်အမျိုးသမီး အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks