spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့တင်ပြရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဘုံရပ်တည်ချက်ရရှိ

    (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့တင်ပြရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဘုံရပ်တည်ချက်ရရှိ

    -

    အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ အကြိုဆွေးနွေးပွဲ(State Counsellor)

    ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံတတိယအစည်းအဝေးသို့တင်ပြရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ အကြိုဆွေးနွေးပွဲများမှ ဘုံရပ်တည်ချက်တစ်ခု ရရှိခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ပြောသည်။

    “ဆွေးနွေးပွဲများမှာ အရင်စုစည်းခဲ့တဲ့ စုစည်းချက်တွေ၊ မွန်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲက ရရှိခဲ့တဲ့အချက်တွေ၊ CSO ဖိုရမ်က တင်ပြလာတဲ့ အချက်တွေကို မူတည်ပြီး ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့ရဲ့ ရပ်တည်ချက် တစ်ခုကို ရရှိခဲ့ပါတယ်”ဟု ၄င်းက ဆိုသည်။

    (၂၁) ရာစု ပင်လုံတတိယအစည်းအဝေး အကြိုပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ကဏ္ဍအလိုက်ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့်ရလာဒ်များအပေါ် ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ယနေ့အခမ်းအနား ကျင်းပပြီးစီးခဲ့ရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

    အစိုးရ၏ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့မှ ဦးဂျင်မီက “လူမှုရေးကဏ္ဍမှာတော့ မူဝါဒအဆိုပြုချက် ၁၀ ချက် ရထားပါတယ်။ ၁၀ ချက်လုံးက ပြည်ပြည်စုံစုံ လုပ်ထားပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ကဏ္ဍတွေမှာလည်း သူ့ကဏ္ဍနဲ့သူ တင်ပြနေကြပါတယ်။ နောက်ပြီး စာတမ်းတစ်ခု၊ နှစ်ခုတက်လာဖို့ရှိတယ်လို့လဲ ပြောပါတယ်။ ရလာဒ်တွေက တတိယအကြိမ်ညီလာခံ(၂၁) ရာစုပင်လုံအတွက် အကျိုးဖြစ်မယ်လို့ ပြောလိုပါတယ်” ဟု ဆိုသည်။

    အဆိုပါဆွေးနွေးပွဲသို့ UPDJC အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း နှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲတို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်အကျိုးဆောင်များ တက်ရောက်ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံရုံး လူမှုကွန်ယက်စာမျက်တွင် ဖော်ပြသည်။

    လာမည့် ဇွန်လ ၂၅ ရက်နေ့တွင် UPDJC အတွင်းရေးမှူးအစည်းအဝေးခေါ်ယူထားကြောင်း၊ ထိုနောက် UPDJC အစည်းအဝေးခေါ်ယူသည့်အခါ (၂၁) ရာစု ပင်လုံတတိယအစည်းအဝေးကို ရက်သတ်မှတ်မည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks