spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်တွင် အိမ်ခြေ ၃၅၀၀ ကျော်ရေဘေးသင့်

    မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်တွင် အိမ်ခြေ ၃၅၀၀ ကျော်ရေဘေးသင့်

    -

    မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ရေးဘေးသင့်ပြည်သူများကို သွားရောက်တွေ့ဆုံ(မွန်ပြည်နယ်အစိုးရရုံး)

    ဇွန်လ ၁၇ ရက်နေ့က လေပြင်းများတိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာသွန်းသဖြင့် မွန်ပြည်နယ်နေရာအနှံ့တွင် အိမ်ခြေ ၃၅၀၅ ခန့် ရေဘေးသင့်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်အချက်အရသိရသည်။

    မော်လမြိုင်မြို့နယ် (၂၁၀၁) အိမ်၊ မုဒုံမြို့နယ် (၃၂၀) အိမ်၊ သံဖြူဇရပ်မြို့နယ် (၇) အိမ်နှင့် ရေးမြို့နယ်တွင် အိမ်ခြေ (၁၃၇၀) ရေဘေးသင့်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံနှင့် အားကစားရုံများတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြောင်း သိရသည်။

    “ဒီနေ့မှာ ရေကျတယ် တစ်ချို့နေရာမှာ ၂ ပေ ၃ ပေပဲရှိတယ်၊ ကားလမ်းတွေလည်း သွားလို့ရပြီ၊ မနေ့ကဖြစ်တဲ့အခြေအနေမှာတော့ ကယ်ဆယ်ရေးစခန်း ၃၄ ခုခန့်ဖွင့်လိုက်တယ်၊ အခုရေကျတော့ သူတို့ရဲ့ နေရပ်အသီးသီးကို ပြန်သွားကြတယ်”ဟု မွန်ပြည်နယ်အစိုးရ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    အလားတူ ကယ်ဆယ်ရေးစခန်းအတွင်း ခိုလှုံနေသော ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကျန်းမားရေးစောင့်ရှောက်မှု၊ စားဝတ်နေရေးအခြေအနေကို သက်ဆိုင်ရာဌာနမှ ကူညီစောင့်ရှောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လူတစ်ဦး ၂၁၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ထားကြောင်း သိရသည်။

    ယင်းကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ရေများကျလာခြင်းနှင့် ပင်လယ်ရေမျက်ပြင်မြင့်တက်ခဲ့သောကြောင့် တစ်နာရီအတွင်း ရေနစ်မြုပ်များဖြစ်ပွားခဲ့သည်ဟု သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

    နိုင်ဟုက “အခုလိုမျိုး မိုးကြီးတာဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒီလိုမျိုးရေတက်တာက တစ်ခါမှမဖြစ်ဖူးဘူး၊ ၁၉၉၀ ခုနှစ်လောက်ကတော့ အခုလိုမျိုးရေတက်ဖူးတယ်၊ အခုဟာက မီးရထားလမ်းပေါ်မှာ ရေ ၂ တောင်အထိ တက်သွားတယ်”ဟု သူက ပြောသည်။

    မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ကားလမ်းပေါ်ရေကျော်ခြင်း၊ မြေပြိုခြင်း၊ ဆားဖိုများပျက်စီးခြင်း၊ ဓာတ်တိုင်များကျိုးကျခြင်းနှင့် လူနေအိမ်များ နစ်မြှုပ်ခြင်းတို့ကြောင့် ငွေကျပ်သိန်းပေါင်း (၆၄၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ခန့်မှန်းထားသည်။

    ထို့အပြင် မွန်ပြည်နယ်အတွင်း ရေဘေးသင့်ခဲ့ဒေသများအတွက် တစ်စီးလျင် ငွေကျပ် (၂၁) သိန်းတန်ဖိုးရှိ ဖိုင်ဘာစက်တယ်လှေ (၁၂) စီးကို ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks