Homeသတင်း၂၁ ရာစုပင်လုံတတိယအစည်းအဝေး ဇွန်လ ၃၀ ကျင်းပရန် NCA-S EAOs အဆင်သင့်မဖြစ်သေး

၂၁ ရာစုပင်လုံတတိယအစည်းအဝေး ဇွန်လ ၃၀ ကျင်းပရန် NCA-S EAOs အဆင်သင့်မဖြစ်သေး

-

NCA-S EAOs အစည်းအဝေး(NCA-S EAOs)

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA-S EAOs ဘက်က အဆင်သင့်မဖြစ်သေးသည့်အတွက် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပရန် အစိုးရနှင့့် ထပ်မံတွေ့ဆုံ ညှိနှိုင်းမည်ဟု တိုင်းရင်းသားကိုယ်စားလှယ်များက ပြောသည်။

ရခိုင်လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က “ဇူလိုင် ၁၀ ရက်နေ့ လုပ်ရင် အဆင်ပြေနိုင်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်တယ်လေ။ အဲဒါကို အစိုးရနဲ့ ပြန်ပြီးတော့ ညှိရမယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ၂၁ ရာစုပင်လုံ မကျင်းပနိုင်ခြင်းသည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အဆင်မပြေ ဖြစ်ပေါ်ခဲ့ခြင်းနှင့် တပ်မတော်နှင့် NCA-S EAOs အဖွဲ့အကြား ပဋိပက္ခများရှိခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်အဖွဲ့ခေါင်းဆောင်များက ပြောသည်။

အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက‘‘သူတို့ လျာထားတာတွေ့တယ်။ ကျွန်တော်တို့နဲ့ ပြန်ညှိမယ်။ လာမယ့်တစ်ပတ်လောက် မှာ တွေ့ဖို့တော့ မှန်းထားတယ်’’ ဟု ဆိုသည်။

၂၁ ရာစုပင်လုံကို တစ်နှစ် ၂ ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း ၂၀၁၇ မေလတွင်နောက်ဆုံးကျင်းပခဲ့ပြီးနောက် အကြိမ်ကြိမ်ရွေ့ဆိုင်းလာခဲ့ရာ အစိုးရဘက်ကအဆိုပြုထားသည့် ယခုမေလကုန်တွင်လည်း မကျင်းပနိုင်သေးဘဲ တစ်ဆို့မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts