spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်တွင် ခိုးမှုလုယက်မှုများ နေ့ခင်းကြောင်တောင်ဖြစ်ပွားနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    မုဒုံမြို့နယ်တွင် ခိုးမှုလုယက်မှုများ နေ့ခင်းကြောင်တောင်ဖြစ်ပွားနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    -

    အဆိုရှင် ဒေါ်ခိုင်ခိုင်လဲ့(မွန်ပြည်နယ်လွှတ်တော်)

    မုဒုံမြို့နယ်တွင် ငွေကျပ်သိန်းနှင့်ချီသော ကြက်ဝိုင်းနှင့် လောင်းကစားဝိုင်းများကြောင့် ခိုးမှုလုယက်မှုများ နေ့ခင်းကြောင်တောင်ဖြစ်ပွားခဲ့သည့်အတွက် ရပ်ရွာအေးချမ်းသာယာရေးမရှိကြောင်း မုဒုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ယနေ့ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးတင်ပြခဲ့ကြောင်း တွေ့ရှိရသည်။

    ဒေါ်မြသိင်္ဂီမော်က “မုဒုံမြို့နယ်မှာ အထင်ကရကြက်ဝိုင်းတွေရှိနေတယ်၊ သိန်းပေါင်းများစွာချီပြီးတော့ လောင်းနေကြပါတယ်၊ သွားရောက်တိုင်ကြာလို့ရှိရင်လည်း စခန်းက မထွက်ရသေးခင်မှာဘဲ ဒိုင်များက သိရှိသွားပြီးတော့ ရှောင်နေကြပါတယ်၊ လောင်းကစားဝိုင်းကြောင့် ခိုးမှုတွေလုယက်မှုတွေ နေ့ခင်းကြောင်တောင်ဖြစ်ပွားနေတာလည်း မြင်တွေ့နေရပါတယ်၊ ဒီလိုအမှုတွေက မကြာခဏဖြစ်ပွားနေမယ်ဆိုရင် ရပ်ရွာအေးချမ်းသာယာရေး မလွယ်ကူပါဘူး” ဟု ပြောသည်။

    ထို့ကြောင့် တရားဥပဒေစိုးမိုးစေလိုပါက ယင်းလောင်းကစားဝိုင်းကိစ္စကို ထိန်းကျောင်းသင့်ကြောင်း ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့တွင် ဒေါ်မြသိင်္ဂီမော်က ဆက်လက်ဆွေးနွေးတင်ပြခြင်း ဖြစ်သည်။

    သထုံမြိုနယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ “တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး လုံခြုံရေးအတွက် ပြည်နယ်အစိုးရအနေဖြင်း စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ ဒေါ်မြသိင်္ဂီမော်က အလားတူ ဆွေးနွေးတင်ပြခဲ့ခြင်း ဖြစ်သည်။

    “ကျွန်မတင်လိုက်တဲ့အဆိုက သူတို့လုပ်ကိုလုပ်ရမယ်၊ သူတို့လုပ်နေတာလည်းရှိတယ်၊ ဒါပေမယ့် ထိရောက်တယ် ပြတ်သားတယ်၊ ပိုပြီးတော့ တင်းကျပ်တဲ့စည်းမျဉ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်စေချင်တဲ့အတွက်ကြောင့် ဒီအဆိုကို တင်သွင်းလိုက်ခြင်း ဖြစ်တယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

    ၄င်းအဆိုအား လွှတ်တော်ကိုယ်စားအသီးသီးတို့ ဆွေးနွေးတင်ပြခဲ့ကြပြီး ထောက်ခံမဲ ၁၉ မဲ၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် မွန်လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် မိမိအနေဖြင့် ဝမ်းသာကြောင်း၊ အကောင်အထည်ဖော်ဆောင်သည့်အခါ ဌာနဆိုင်ရာကိို တိတိကျကျကိုင်တွယ်ခြင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါက ပြည်သူများခံစားနေရသည့် ပြဿနာများ လျော့သွားနိုင်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆက်ပြောသည်။

    တရားဥပဒေစိုးမိုရေးနှင့်ရပ်ရွာအေးချမ်းသာယာလုံခြုံရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် စီမံချက်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က တင်သွင်းပြီး ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)က လက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts