spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကိုယ်စားပြုပါတီ ယခုလကုန်ပိုင်းတွင် မှတ်ပုံတင်ရန် ကြိုးပမ်းမည်ဟုဆို

    မွန်အမျိုးသားကိုယ်စားပြုပါတီ ယခုလကုန်ပိုင်းတွင် မှတ်ပုံတင်ရန် ကြိုးပမ်းမည်ဟုဆို

    -

    မွန်အမျိုးသားကိုယ်စားပြုပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ထံ ယခုလကုန်ပိုင်းတွင် တရားဝင်မှတ်ပုံတင်ရန် ကြိုးပမ်းမည်ဟု ပါတီတည်ထောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့ခေါင်းဆောင် နိုင်တလညီက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်တလညီက “ညီလာခံကနေဆုံးဖြတ်ထားတဲ့ ပါတီတည်ထောင်ရေးကော်မတီ (၂၁) ဦးကိုလည်း ဖွဲ့ပြီးပြီ၊ ကော်မတီရဲ့ အစည်းအဝေးကတော့ ဒီရက်အတောအတွင်းမှာလုပ်မယ်၊ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မေလကုန်လောက် တင်နိုင်ဖို့ ကြိုးစားသွားမယ်”ဟု ပြောသည်။

    ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ သဘာပတိအဖွဲ့(MNA)

    ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP အသိအမှတ်မပြုသောကြောင့် လက်ရှိတွင် မွန်တစ်ပါတီဖြစ်မြောက်ရေး ကြိုးပမ်းရာတွင် အခက်ခဲရှိနေကြောင်း၊ AMDP နှင့် MNP အနေဖြင့် တွေ့ဆုံရန် ညှိနှိုင်းလာပါက မွန်အမျိုးသားကိုယ်စားပြုပါတီနှင့် နိုင်ငံရေးအကြံပေး ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး ဆွေးနွေးသွားဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    သို့ရာတွင် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “MNP,AMDP နှစ်ပါတီပေါင်းပြီးရင် ဘယ်အင်အားစုကိုမှ ကျနော်တို့ချန်မထားဘူးလို့ ပြောခဲ့တာပဲ၊ ဖြစ်သင့်တာက နှစ်ပါတီပေါင်းပြီးမှ သူတို့(၂၁ ဦး) အင်အားစုနဲ့ပေါင်းစည်းသွားမယ်၊ ဒါပေမယ့် လက်ရှိနှစ်ပါတီပေါင်းစည်းရေးကိုမစောင့်တော့ဘဲ သူတို့မှာရည်ရွယ်ချက်ရှိပြီးသားပဲလားတော့မသိဘူး အခုပါတီဖွဲ့မယ်ဆိုတော့ အခက်အခဲတွေပိုများလာမယ်၊ လက်ရှိအခြေအနေအတိုင်း ခဏစောင့်ဆိုင်းလိုက်ရင် ပိုပြီးအဆင်ချောလိမ့်မယ်လို့ ပြောချင်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အပြင် မည်သူမဆို ပါတီတည်ထောင်လိုသည့်အပေါ် မှတ်ချက်ပေးစရာမလိုကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် လူတိုင်းအခွင့်အရေးရှိပါကြောင်း၊ သို့ရာတွင် ညီညွတ်ရေးကို ဦးတည်တောင်းဆိုနေသည့် လက်ရှိအခြေအနေအောက်တွင် ပါတီသစ်ဖွဲ့ရေး ဖြစ်သင့်မသင့်ဆိုသည်ကို ပြည်သူလူထုကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    တဖက်တွင်လည်း MNP နှင့် AMDP နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ပြည်သစ်ပါတီ NMSP ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အကုန်တွင် မပေါင်းစည်းဖြစ်ပါက သဘောထားပြောင်းလဲ၍ ချန်ထားသင့်ပါက ချန်ထားရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာက အသိပေးပြောကြားထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts