Homeသတင်းဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလ ၁၂ ရက်နေ့တွင် ဆက်လက်ကျင်းပမည်

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလ ၁၂ ရက်နေ့တွင် ဆက်လက်ကျင်းပမည်

-

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလ ၁၂ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့တွင် ၃ ရက်ကြာဆက်လက်ကျင်းပရန် စီစဉ်ထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီဖွဲ့စည်းပုံအား ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း ဦးဆောင်သူ နိုင်တလညီက ပြောသည်။

နိုင်တလညီက “ဒီနိုင်ငံရေးညီလာခံမှာ ပထမအချက်က မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေး အတည်ပြုနိုင်ဖို့ ရှိမယ်။ ဒုတိယအချက်က မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်သွားဖို့ ရှိတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဒုတိယအပတ်က ကျင်းပခဲ့သော ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံ တက်ရောက်ခဲ့သူများ၊ မွန်အရေးစိတ်ဝင်စားသူများနှင့် ဖိတ်ကြားသင့်သူများ ပါဝင်မည်ဟု သိရသည်။

“မွန်ပါတီတွေကို ဖိတ်ကြားသွားဖို့ ရှိတယ်။ တက်တာ၊ မတက်တာက သက်ဆိုင်ရာ သူတို့ ပါတီတွေရဲ့အပိုင်းဖြစ်တယ်” ဟု ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံကို တရားဝင်နိုင်ငံရေးပါတီများဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ မတက်ရောက်ခဲ့သလို မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးအဖွဲ့ကိုလည်း အသိအမှတ်ပြု လက်ခံတွေ့ဆုံခြင်းမရှိခဲ့ကြောင်း သတင်းမီဒီယာများဖော်ပြချက်အရ သိရသည်။

ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံ (MNA)

နိုင်ငံရေးပါတီနှင့် ပါတီပြင်ပနိုင်ငံရေးအုပ်စုများအကြား အားပြိုင်မှုသဖွယ် ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်း အကျင်းကို ကျော်လွှားပြီး အမျိုးသားနိုင်ငံရေးနည်းလမ်းဖြင့် ပူးပေါင်းလုပ်ဆောင်သွားသင့်ကြောင်း စံပြ လူထုအခြေပြု လူမှုအဖွဲ့မှာ ဒါရိုက်တာ နိုင်ဝင်းဇော်က ပြောသည်။

၄င်းက “အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ကျွန်တော်တို့ ခွဲပြီး မြင်ဖိုု့လိုမယ်။ ပါတီနိုင်ငံရေးနဲ့ သွားလို့တော့ မရတာ မဟုတ်ဘူး။ ရပါတယ်။ ဒါပေမဲ့ ကဏ္ဍငယ်အနေနဲ့ပဲ ထားသင့်တယ်။ အမျိုးသားနိုင်ငံရေးကို ကဏ္ဍအကြီးကြီး အနေနဲ့ ထားသင့်မယ်။ ဒီကာလမှာ မွန်အမျိုးသားရေးကို အဓိကဦးစားပေးသင့်တယ်” ဟု ဆိုသည်။

သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း MNP, AMDP ပေါင်းစည်းရေးကြိုးပမ်းနေချိန်တွင် နောက်ထပ်မွန်ပါတီသစ်တစ်ခု ထပ်မံပေါက်ပေါက်လာမည်ကို လက်မခံဟု ဆုံးဖြတ်ထားကြောင်း NMSP မှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts