Homeသတင်းဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ယာယီလက်ခံထားသည်ဟု မွန်ပြည်သစ်ပါတီပြော

ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို ယာယီလက်ခံထားသည်ဟု မွန်ပြည်သစ်ပါတီပြော

-

တိုင်းရင်းသားလူမျိုးအများစုသည် စစ်မှန်သောဖက်ဒရယ်စနစ်ကိုလိုလားကြသော်လည်း လက်ရှိမြန်မာအစိုးရ၏ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသည့်အပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် ယာယီလက်ခံထားသည်ဟု ပါတီအထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက ပြောသည်။

“ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့တိုင်းရင်းသားတွေက ဖက်ဒရယ်ဒီမိုကရေစီကို လက်ခံထားတယ်၊ အစိုးရကတော့ ဒီမိုကရေစီ ဖက်ဒရယ်ကို သွားနေတယ်၊ UNFC မှာတော့ လောလောဆယ် ဒီမိုကရေစီဖက်ဒရယ်ကို လက်ခံကောင်းတယ်လို့ ယူဆတဲ့အဖွဲ့အစည်းတွေ ရှိနေတယ်၊ ဒါကို ကျနော်တို့ မွန်ပြည်သစ်က ယာယီအားဖြင့် လက်ခံထားတယ်” ဟု နိုင်အောင်မင်းက ဆိုသည်။

မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း(MNA)

မွန်ပြည်သစ်ပါတီ ဒုတိယအကြိမ် NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲကို ရေးမြို့နယ်၊ ရေချောင်းဖျားဒေသ၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေထားဝယ်ခရိုင် ဝယ်ဇင်စခန်း၌ ဧပြီလ (၂၆) ရက်နေ့ အခမ်းအနားပထမနေ့တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA သည် လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ထိရောက်သည့် လမ်းကြောင်းမဖြစ်သေးသော်လည်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ ပူပေါင်းပြီး ဆက်လက်ညှိနှိုင်းသွားပါက အဆင်ပြေလိမ့်မည်ဟု ယူဆကြောင်း နိုင်အောင်မင်းက ဆက်ပြောသည်။

“အခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က (၂၁) ရာစုပင်လုံမှာ ပြီးဆုံးသွားမှာမဟုတ်သေးဘူး။ အခုချပြထားတဲ့ လုပ်ငန်းစဉ်တွေကို အခြေခံပြီး တိုင်းရင်းသားတွေရဲ့ နို်င်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်တယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သယံဇာတ စသည့်ကဏ္ဍကြီး (၅) ခုကို အုပ်စုခွဲ၍ဆွေးနွေးခဲ့ကြပြီး ရရှိလာသည့်အခြေခံမူဝါဒများကို မွန်-လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့လည်းကောင်း၊ ထိုမှတဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) သို့လည်းကောင်း ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts