spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ရက်တည်းတွင်နုတ်ထွက်မှုဖြစ်ပေါ်

    နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ တစ်ရက်တည်းတွင်နုတ်ထွက်မှုဖြစ်ပေါ်

    -

    နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့ မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် နုတ်ထွက်ခဲ့ကြကြောင်း အစိုးရပိုင် သတင်းဌာနများ ကြေညာချက်အရ သိရသည်။

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ်၊ ၁/၂၀၁၈၊ ၁၃၇၉ ခုနှစ် တန်ခူးလဆန်း ၅ ရက် (၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်) အရ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားပါသည်။

    သမ္မတဦးထင်ကျော်နှင့် မွန်တိုင်းရင်းသားများ ဓါတ်ပုံအမှတ်တရရိုက်ကူးခဲ့စဉ်(Nai Ko Thu)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၇၃) ပုဒ်မခွဲ (ခ)နှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနှစ်ရက်အတွင်း ဖြည့်ဆည်းနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    အလားတူ မတ်လ ၂၁ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဥက္ကဌ ဦးဝင်းမြင့်၏ နုတ်ထွက်စာလွှာအား ဒုဥက္ကဌ ဦးတီခွန်မြတ် ဖတ်ကြားခဲ့သည်ကို Hluttaw Channel နှင့် သတင်းဌာနအသီးသီးက ဖော်ပြကြသည်။

    နိုင်ငံတော််သမ္မတအဖြစ်ရွေးချယ်ခံရန် ဦးဝင်းမြင့် နုတ်ထွက်လိုက်သည်ဟု ဝေဖန်သုံးသပ်မှုများရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

    ယခုအခါ လက်ရှိဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ထမ်းဆောင်နေရပြီး ပြည်သူ့လွှတ်တော်ကို ဒုဥက္ကဌက ဦးဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks