spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျောက်မိုင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆုံးရှုံးမှုဖြစ်

    ကျောက်မိုင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆုံးရှုံးမှုဖြစ်

    -

    မွန်ပြည်နယ်တွင် ကျောက်မိုင်းများကြောမွန်ပြည်နယ်တွင် ကျောက်မိုင်းများကြောင့် သဘာဝပတ်ဝန်းကျင်ဆုံးရှုံးနေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်NSDP Project Coordinator ဒေါ်ဇွန်ပန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယင်းကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ NSDP က အစီရင်ခံစာတစ်စောင်ထုတ်ပြန်ပြီး မတ်လ ၁၅ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်သို့တင်သွင်းခဲ့ရာ ပြည်နယ်အစိုးရအနေဖြင့် မည်သို့လုပ်ဆောင်သွားမည်ကို သိရှိလိုသည့်အတွက် လာရောက်ဆွေးနွေးရခြင်းဖြစ်ကြောင်း ဒေါ်ဇွန်ပန်းက ဆက်ပြောသည်။

    ဒေါ်ဇွန်ပန်းက “ကျောက်မိုင်းတွေကြောင့် သဘာဝဝန်းကျင်ဆုံးရှုံးတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာလည်းရှိတယ်၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူးဆိုရင် စီစစ်တာတွေလုပ်ပေးစေချင်တယ်၊ နောက်တစ်ခုက ပြည်သူလူထုတွေ ဘယ်လိုခံစားနေရသလဲဆိုတာကို လွှတ်တော်ကနေတဆင့် သက်ဆိုင်ရာ ဌာနတွေကို သိရှိစေချင်တယ်၊ နောက်ထပ်ခွင့်ပြုချက်တွေ ပေးမယ်ဆိုလည်း သဘာဝပတ်ဝန်းကျင်ဘယ်လောက်အထိ ထိခိုက်နိုင်သလဲ EIA စစ်ဆေးမှုတွေ စနစ်တကျလုပ်ပေးစေလိုတယ်”ဟု ဆိုသည်။

    NSDP အစီရင်ခံစာ မွန်ပြည်နယ်လွှတ်တော်သို့တင်သွင်းစဉ်(မွန်လွှတ်တော်)

    အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေးကော်မတီ၊ တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာ နှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီများ တက်ရောက်ကြောင်း မွန်ပြည်နယ်လွှတ်တော်သတင်းစာမျက်နှာတွင် ဖော်ပြသည်။

    ယင်းကဲ့သို့ ကျောက်မိုင်းထုတ်လုပ်နေခြင်းသည် ရေအရင်းမြစ်ဆုံးရှုံးမှုဖြစ်ပေါ်နေသလို တောင်များကိုဖောက်ခွဲမှုကြောင့် ကျောက်စကျောက်နများလွင့်စင်ပြီး အနီးတဝိုက်ရှိဒေသခံများ အသက်ရှင် နေထိုင်မှုကို များစွာထိခိုက်စေကြောင်း မွန်ပြည်နယ် လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM စီမံကိန်းဒါရိုက်တာ မင်းအဲမွန်က ဆိုသည်။

    “တချို့ကျောက်မိုင်းတွေထုတ်လုပ်နေတဲ့ကိစ္စတွေဆိုလို့ရှိရင် အပေါ်ကနေ ရေအရင်းမြစ်တွေ အများကြီးဆုံးရှုံးမှု ရှိသလို တောင်တွေဖောက်ခွဲမှုမှာလည်း ကျောက်စကျောက်နတွေဟာ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ပြည်သူတွေရဲ့ အသက်ရှင်နေထိုင်မှုကိုများစွာ ထိခိုက်စေတယ် ဆိုတော့ ၄-၅ Case လောက်က ပြည်သူတွေကိုထိခိုက်ပြီးတော့ လျော်ကြေးမရ ပြန်လည်ပြီးတော့ တာဝန်ခံတာဝန်ယူမှုမရှိတဲ့အနေထားကိုတွေ့ရတယ် ပြည်နယ်အစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန်သတ်သင့်တယ်လို့ ကျနော်တို့ယူဆတယ်”ဟု မင်းအဲမွန်က ပြောသည်။

    ပေါင်မြို့နယ်ရှိ ကျောက်ထုတ်လုပ်ငန်းများတွင် အထူးသဖြင့် Long Life Aggregate Co.Ltd ၏ ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်ပျောက်ဆုံးခြင်းများ၊ လယ်ယာချောင်းမြောင်းပျက်စီးခြင်းများနှင့် ဥယျာဉ်ခြံမြေပျက်စီးမှုများ အစရှိသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများရှိနေသည့်အတွက် ကျောက်ထုတ်လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံတို့က ၃ ကြိမ်တိတိ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖြစ်သည်။

    ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်သားများကြောင့် ဒေသခံတို့၏ လုံခြုံမှုစိုးရိမ်နေရသော အခြေအနေကို အစိုးရအဖွဲ့သိရှိစေရန်နှင့် သက်ငယ်မုဒိန်းကျူးလွန်သည့် ကျောက်မိုင်းများကို အစိုးရပိတ်သိမ်းပေးရန် ဒေသခံ ၁၀ဝ ခန့်တို့က ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့တွင် စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သတင်းများက ဖော်ပြသည်။

    ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် တရားဝင်ကျောက်မိုင်း ၂၅ ခုခွင့်ပြုထားသည့်အနက် အနှစ် ၃၀ ထုတ်လုပ်ခွင့်ပြုထားသော ကျောက်မိုင်း ၄ မိုင်းရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် သစ်တောကြိုဝိုင်းအတွင်း ကုမ္ပဏီ ၂၂ ခုနှင့် ဥယျာဉ်ခြံမြေများအတွင်း ကုမ္ပဏီ ၈၈ ခုတို့ကို ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ထုတ်ပေးထားသည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

    ၂၀၁၆- ၂၀၁၇ ခုနှစ်အတွက် မွန်ပြည်နယ်ကျောက်မိုင်းများမှ အခွန်အခကျပ်သိန်း ၈၀ဝ သာရရှိကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက အောက်တိုဘာ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks