Homeသတင်းဒုတိအကြိမ် MNP ပါတီညီလာခံ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

ဒုတိအကြိမ် MNP ပါတီညီလာခံ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

-

နှစ်ပါတီပေါင်းစည်းရေး အမြန်အထမြောက်နိုင်ရန်နှင့် မွန်ပြည်သစ်ပါတီနှင့်အတူ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ အတူပူးပေါင်းဆောင်ရွက်ရန် အာရုံစိုက်ကြိုးပမ်းနေရသည့် အချိန်ကာလနှင့် တိုက်ဆိုင်လျက်ရှိ သည့်အတွက် ဒုတိယအကြိမ် MNP ပါတီညီလာခံအား ရက်အကန့်အသတ်မရှိ သင့်တော်သည့်အချိန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်းမတ်လ ၁၈ ရက်နေ့စွဲဖြင့် မွန်အမျိုးသားပါတီက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

မွန်အမျိုးသားပါတီအနေဖြင့် ပါတီစည်းလုံးညီညွတ်ရေး၊ ခိုင်မာကျစ်လစ်သည့် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက် လက်ရပ်တည်နိုင်ရေးအတွက် ဒုတိယအကြိမ် ပါတီညီလာခံကို ၂၀၁၈ ခုနှစ် ဧပြီလ နောက် ဆုံးထားကျင်းပမည်ဟု ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်သည်။

MNP ပထမအကြိမ်ညီလာခံတွင် NMSP ဥက္ကဌမိန့်ခွန်းပြောကြားစဉ်(MNP)

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုး နိုင်လယီတမက “လက်ရှိအခြေအနေက နှစ်ပါတီပေါင်းစည်း ရေးနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စဖြစ်လာဖို့က ကျနော်တို့ပါတီရဲ့ ညီလာခံအရေးထက် ပိုပြီး အဓိက ကျမယ်လို့ ယူဆတဲ့အတွက် ရွှေ့ဆိုင်းထားတာပါ၊ ဒါပေမယ့် လောလောဆယ် လုပ်နေတဲ့ ကျေးရွာအ ဆင့် ညီလာခံကို ဆက်လုပ်နေမယ်၊ ကျန်တဲ့မြို့နယ်အဆင့်၊ ဗဟိုအဆင့်ညီလာခံကိုပဲ ရွှေ့ဆိုင်းလိုက်တယ်” ဟု ပြောသည်။

မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ ပေါင်းစည်းနိုင်ရေးအတွက် လမ်း ပြမြေပုံများကိုလည်း နှစ်ပါတီပေါင်းစည်းရေးအမြန်အထမြောက်သည်အထိ ဆက်လက်ဆွေးနွေးသွားရဦးမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကယ်၍ နှစ်ပါတီပေါင်းစည်းရေးကိစ္စ အမှန်တကယ်အထမြောက်လာလျင် ရွှေ့ဆိုင်းလိုက်သည့် ဒုတိယအကြိမ် ပါတီညီလာခံကြီးကိုလည်း ကျင်းပဖြစ်တော့မည်မဟုတ်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှုး နိုင်လယီတမက ဆက်ပြောသည်။

သို့ရာတွင် ပါတီမှနုတ်ထွက်ခဲ့သူ MNP အထွေထွေအတွင်းရေးမှူးဟောင်း ဒေါက်တာမင်းစိုးလင်းက “ကျေးရွာအဆင့် မြို့နယ်အဆင့် ညီလာခံတွေကို အချိန်မီ မကျင်းပနိုင်တာက တကြောင်း၊ နောက်တစ်ချက်က MNP-AMDP မွန်နှစ်ပါတီပေါင်းစည်းရေးကို ဟန်ပြလုပ်ပြနေတာဖြစ်တယ်” ဟု ဆိုသည်။

ပထမအကြိမ် မွန်အမျိုးသားပါတီ ညီလာခံကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့ရာတွင် ဗဟိုကော်မတီဝင် ၉၃ ဦးရွေးချယ်ခဲ့သော်လည်း ပါတီမှနုတ်ထွက်သူ၊ ထုတ်ပယ်သူများရှိသဖြင့် လက်ရှိတွင် ဗဟိုကော်မတီဝင် ၇၈ ဦးကျန်ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts