spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်း(၇)ကြိမ်မြောက် JICM အစည်းအဝေးသို့ တိုင်းရင်းသားခေါင်းဆောင်များစုံစုံလင်လင် မတက်ရောက်နိုင်

    (၇)ကြိမ်မြောက် JICM အစည်းအဝေးသို့ တိုင်းရင်းသားခေါင်းဆောင်များစုံစုံလင်လင် မတက်ရောက်နိုင်

    -

    (၇)ကြိမ်မြောက် တစ်နိ်ုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ကျင်းခဲ့ပရာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ စုံစုံလင်လင်တက်ရောက်နိုင်ခြင်းမရှိကြောင်းသိရသည်။

    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အားလုံးသိတဲ့အတိုင်းပဲ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင် တွေကတော့ စုံစုံလင်လင်နဲ့ မတက်ရောက်နိုင်ကြပါဘူး။ တစ်ချို့ကဆိုရင် ဒုတိယ ဥက္ကဋ္ဌတွေ တက်တာရှိတယ်။ တစ်ချို့ကကျတော့လည်း ကိုယ်စားလှယ်တွေ လုံးဝမလာတာတွေ ရှိပါတယ်” ဟု မိန့်ခွန်းတွင် ပြောသည်။

    (၇)ကြိမ်မြောက် JICM အစည်းအဝေး(NCA-EAOs)

    JICM အဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဥက္ကဌများ တက်ရောက်နိုင်ခြင်းမရှိကြောင်း သတင်းများက ဖော်ပြသည်။

    အဆိုပါ JICM အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မကြာမီက NCA လက်မှတ်ရေးထိုး ခဲ့သည့် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန် တက်ရောက်ခဲ့သည်။

    “အခု အစည်းအဝေးရဲ့ ထူးခြားချက်ကတော့ ကျွန်မတို့ မွန်ပြည်သစ်ပါတီနဲ့ လားဟူပါတီက နေပြီးတော့ တက်ရောက်ခြင်းပဲဖြစ်ပါတယ်။ ကျွန်မတို့ကနေပြီးတော့ ဒီလိုငြိမ်းချမ်းရေးကို သွေးသစ်လောင်းပေးတာအတွက် အင်မတန်မှလည်း ကျေးဇူးတင်ပါတယ်။ ကြိုဆို နှုတ်ခွန်းဆက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် တွေ့ရှိရသည်။

    ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ယခုနှစ် ဧပြီလကုန် (သို့မဟုတ်) မေလ ဆန်းတွင် ကျင်းပရန် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့များအကြား သဘောတူညီခဲ့သည်ဟု သိရသည်။

    နိုင်ငံတော်သမ္မရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ‘‘အဓိကကတော့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးကျင်းပဖို့အတွက် သူတို့ဆီမှာလည်း ဥက္ကဋ္ဌက သုံးယောက် လောက်ပဲပါတယ်။ ကျန်တဲ့ငါး ယောက်က မပါဘူးပေါ့။ မပါတဲ့အတွက် ညှိနှိုင်းတိုင်ပင်ချိန်တောင်းတော့ အဲဒါကို နောက်ဆုံးအကြိတ်အနယ်ဆွေးနွေးပြီးတော့မှ ဒီအဖြေရလာတယ်ပေါ့’’ဟု ဆိုသည်။

    အလားတူ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုလည်း လာမည့်မတ်လ ၂၃ ရက်နေ့တွင် ရေးမြို့အနီး ကိုရင်လေးကျောင်းတော်၌ ၃ ရက်ကြာကျင်းပရန် လျာထားကြောင်း JICM အစည်းအဝေးသို့ လေ့လာသူအဖြစ်တက်ရောက်သူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ နိုင်အောင်မငေးထံက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks