spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်နှင့် လားဟူတို့ NCA ရေးထိုးလိမ့်မည်

    ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်နှင့် လားဟူတို့ NCA ရေးထိုးလိမ့်မည်

    -

    မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးထံမှ အတည်ပြုနိုင်ခဲ့သည်။

    အဆိုပါသဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ယခင်ဆွေးနွေးညှိနှိုင်းခဲ့သည့် သဘောတူညီချက် ၈ ချက်ကို အရင်သဘောတူလက်မှတ်ရေးထိုးပြီးနောက် NCA လက်မှတ်ဆက်လက်ရေးထိုးမည့်အစီအစဉ် တပြိုင်တည်းကျင်းပမည်ဟု အမည်ဖော်ပြခွင့်မရှိသည့် မွန်ပြည်သစ်ပါတီခေါင်းဆောင်က ဆိုသည်။

    သို့ရာတွင် UNFC နှင့် PC လက်မှတ်ရေးထိုးခြင်းမဟုတ်ဘဲ PC နှင့် မွန်ပြည်သစ်ပါတီ NMSP ၊ PC နှင့် လားဟူ LDU တို့လက်မှတ်ထိုးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် သတင်းဌာနများသို့ ပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့အနေဖြင့် မကြာခင် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    -နိုင်ငံတော်၏အတိုင်ပင်ခံနှင့် NMSP, LDU ခေါင်းဆောင်များ NRPC တွင်အမှတ်တရဓါတ်ပုံရိုက်ကူးစဉ်(MNA)
    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဌ ကြာခွန်ဆာ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပြီးသည့်နောက် မကြာခင် NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ယင်းသို့သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks