spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းနောင်နှစ် (၇၂) ကြိမ်မြောက်မွန်အမျိုးသားနေ့ဗဟို ပဲခူးမြို့တွင်အလှည့်ကျမည်

    နောင်နှစ် (၇၂) ကြိမ်မြောက်မွန်အမျိုးသားနေ့ဗဟို ပဲခူးမြို့တွင်အလှည့်ကျမည်

    -

    နောင်နှစ် တပို့တွဲလပြည်ကျော် ၁ ရက်နေ့တွင်ကျရောက်မည့် (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို မွန်တို့၏ဟံသာဝတီမြိုတော်ဟောင်း ပဲခူးမြို့တွင် ကျင်းပရန်အလှည့်ကျကြောင်း ပဲခူးတိုင်းဒေသကြီး မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်စိုးသိန်းထံမှ သိရသည်။

    နိုင်စိုးသိန်းက “ မွန်တို့ရဲ့ အမျိုးသားနေ့အစွဲပြုတာ မြို့တော်ဟံသာဝတီ (ပဲခူးမြို့) တည်ထောင်ခဲ့တဲ့သမိုင်းကြောင်းပဲ၊ ဒါကြောင့် မွန်အမျိုးသားနေ့ဗဟိုကို လုပ်သင့်တယ်လို့ တို့တတွေ ဆွေးနွေးဆုံးဖြတ်ကြပြီး ၇၁ ကြိမ်မြောက်ကျင်းပရေးဗဟိုကို ကမ်းလှမ်းခဲ့တယ်” ဟု ပြောသည်။

    ပဲခူးတိုင်းဒေသကြီး မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်စိုးသိန်း(Nai Ko Thu)

    လာမည့် မတ်လတွင် ကျင်းပရေးရန်ပုံငွေကို စတင်ရှာဖွေစုဆောင်းသွားမည်ဖြစ်သလို ပဲခူးတိုင်းဒေသကြီးအစိုးရထံလည်း တောင်းခံသွားမည်ဖြစ်ကြောင်း၊ ပဲခူးတွင် မွန်လူထုအင်အား နည်းပါးနေသော်လည်း မွန်အမျိုးသားနေ့ ကျင်းပမည့်ရန်ပုံငွေအတွက် အခက်အခဲမရှိနိုင်ဟု ယူဆပါကြောင်း ၄င်းက ဆက်ပြောသည်။

    (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးချစ်ဦးက “ပြီးခဲ့တဲ့ တပို့တွဲလဆုတ် ၂ ရက်နေ့ညမှာ ကျွန်တော်တို့အခမ်းအနားကို ပဲခူးတိုင်းကိုယ်စားလှယ် ၄၀ လောက် တက်ရောက်လာပြီး နောက်နှစ်ကျရင် သူတို့ လုပ်မယ်လို့ အခမ်းအနားစင်မြင့်ပေါ်မှာ ဝန်ခံကတိပေးသွားတယ်” ဟု ဆိုသည်။

    မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားများကို တစ်နှစ်လျင်တစ်မြို့နယ်အလှည့်ကျ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နှစ် (၇၀) ကြိမ်မြောက်ကို ကျိုက်မရောမြို့တွင်၄င်း၊ (၆၉) ကြိမ်မြောက်ကို ဘီလူးကျွန်း ကမာမိုကျေးရွာတွင်၄င်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks